Border News Agency
စစ်တွေ၊ ဇန်နဝါရီ ၇။
အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့ပြည်နယ်မြို့တော်စစ်တွေကို အာရက္ခတပ်တော်(AA)ထိုးစစ်ဆင်သိမ်းယူဖို့ကြိုးစားနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီစစ်တွေမြို့နယ်မှာပစ်ခတ်သံတွေကြားနေကြရပြီးစစ်တွေမြို့နယ်မှာအာရက္ခတပ်တော်ကခြေကုတ်ယူရသွားတာဖြစ်နိုင်တယ်လို့လည်း ဆိုကြပါတယ်။
အဲဒီလိုပစ်ခတ်မှုတွေရှိနေပေမယ့် မြို့တွင်းနေပြည်သူတွေကတော့ ပုံမှန်အတိုင်းရှိနေကြတုန်းပဲလို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။
“မြို့ပြင်မှာတော့ပစ်ခတ်သံတွေမကြာခ ဏဖြစ်နေကြပါတယ်။ မြို့ထဲမှာတော့ဘာမှမဖြစ်သေးပါဘူး။” လို့ စစ်တွေမြို့တွင်းနေအမျိုးသမီးတဦးက ဇန်နဝါရီ လ ၇ ရက်၊ဒီနေ့ညနေ ၇ နာရီအချိန်ခန့်မှာ Border News Agency ကို ပြောပါတယ်။
အဲဒီစစ်တွေမြို့နယ်ရှိ ရခိုင်ပြည်နယ်လွှတ်တော်အဆောက်အအုံတွေကို အာဏာသိမ်းစစ်တပ်ကပြန်လည်ပြုပြင်နေသလိုဖုန်းလိုင်းတချို့ကိုလည်း ပြန်ဖွင့်ပေးထားတယ်လို့ စစ်တွေမြို့ခံတွေကဆိုကြပါတယ်။
အိန္ဒိယနိုင်ငံရဲ့ကုလားတန်ဘက်စုံစီမံကိန်းတည်ရှိရာစစ်တွေမြို့ကို အာရက္ခတပ်တော်(AA)က ရသေ့တောင်၊ပုဏ္ဏားကျွ န်း၊ပေါက်တောစတဲ့သုံးမြို့နယ်ကဝိုင်းပတ်ထားပါတယ်။
အဲဒါကြောင့် အာဏာသိမ်းစစ်တပ်ဟာစစ်တွေမြို့နယ်ပတ်ပတ်လည်ရေပင်ပြင်မှာရေတပ်စစ်သင်္ဘောကြီးတွေအ များအပြားချထားသလိုမြို့နယ်အစပ်နေရာတွေမှာခံစစ်တွေအခိုင်အမာတည်ဆောက်ထားပါတယ်။
အာရက္ခတပ်တော်(AA)ရဲ့ပြည်နယ်မြို့တော်သိမ်းထိုးစစ်ဟာအပြင်းထန်ဆုံးဖြ စ်လာနိုင်ပြီးနှစ်ဘက်အဆုံးအဖြတ်ပေးမယ့်နောက်ဆုံးတိုက်ပွဲတွေဖြစ်သွားနိုင်တယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်သူတွေက ဆိုကြပါတယ်။
“အေအေကသာ စစ်တွေမြို့သိမ်းထိုးစစ်ကိုစတာမှန်ရင် ရပ်တော့မှာမထင်ပါဘူး။အချိန်တနှစ်ကျော်ယူပြီးသေချာပြင်ဆင်ထားမယ်လို့မြင်ပါတယ်။စစ်တွေကို သိမ်းနိုင်ရင်အဆုံးအဖြတ်တိုက် ပွဲတွေပြီးသွားပါပြီ။အာဏာသိမ်းစစ်တ ပ်ကလည်း လွှတ်တော်ခေါ်နိုင်အောင်ကာကွယ်မှာမို့ အပြင်းထန်ဆုံးတိုက်ပွဲတွေဖြစ်လာနိုင်ပါတယ်။” လို့ စစ်ရေးလေ့လာစောင့်ကြည့်သူတဦးက Border News Agency ကို ပြောပါတယ်။
တရုတ်စီမံကိန်းတွေရှိတဲ့ကျောက်ဖြူမြို့ကို အာရက္ခတပ်တော်ကအပြင်းအ ထန်ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့်အ ပြီးသတ်မသိမ်းနိုင်သေးခင်မှာပြည်နယ်မြို့တော်မှာပစ်ခတ်မှုတွေပြန်ဖြစ်လာတာပါ။
ကျောက်ဖြူ၊စစ်တွေ၊မာန်အောင်သုံးမြို့နယ်ကို အာရက္ခတပ်တော်ထိုးစစ်ဆင်သိမ်းယူဖို့ကျန်နေပြီးမာန်အောင်မြို့န ယ်မှာတော့ နှစ်ဘက်ထိတွေ့မှုတွေမရှိသေးပါဘူး။
အာဏာသိမ်းစစ်တပ်ဟာ ပြည်နယ်လွှတ်တော်ခေါ်ယူနိုင်ဖို့အတွက် ပြည်နယ်မြို့တော်ကိုအသဲအသန်ကာကွယ်မှာဖြ စ်သလိုအာရက္ခတပ်တော်ကလည်း နောက်ဆုံးလက်ကျန်တမြို့တည်းသီးသန့်ကိုအပြီးသတ်သိမ်းနိုင်ဖို့ အပြင်းထန်ဆုံးထိုးစစ်ဆင်တိုက်ခိုက်မှာမို့ မြို့ရှိပြည်သူတွေသတိထားပြင်ဆင်ထားသင့်တယ်လို့ သတိပေးထားကြပါတယ်။





