Border News Agency
တီးတိန်မြို့၊ ဇန်နဝါရီ ၈။
ချင်းပြည်၊ တီးတိန်မြို့နယ်မှာရှိတဲ့ ကနေဒီတောင်ပေါ်ရှိ စစ်ကော်မရှင်တပ်စခန်းကို ချင်းလက်နက်ကိုင်တွေသိမ်းပိုက်လိုက်ပြီလို့ PDF ZOLAND ကဇန်နဝါရီလ ၇ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
ချင်းညီနောင် (CB) တပ်ဖွဲ့ဝင် PDF ZOLAND က မဟာမိတ်တွေနဲ့ပူးပေါင်းပြီး ကနေဒီတောင်စခန်းကို ဒုတိယအကြိမ်ပြန်ပြီးသိမ်းယူနိုင်ခဲ့တာပါ။
အဲဒီစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တပတ်ကြာအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၄ ရက်နေ့မှာ စခန်းတခုလုံးကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အဲဒီစခန်းကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်သိမ်းပိုက်ထားတဲ့ စခန်းဖြစ်ပေမယ့် ခုတော်လှန်ရေးတပ်ဖွဲ့တွေက ပြန်ပြီးထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးသွားသူတွေကိုလည်း လိုက်လံရှင်းလင်းနေတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ တော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။





