Border News Agency
တီးတိန်၊ ဇန်နဝါရီ ၉။
ချင်းပြည်၊ တီးတိန်မြို့မရဲစခန်းမှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တဦး အလင်းဝင်လာတယ်လို့ PDF Zoland က ဇန်နဝါရီလ ၁၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ဖွဲ့ဝင် ဇင်ကိုကိုမင်း ကပအမ – ၂၆၁၅၆၇ ဟာ ဇန်နဝါရီလ ၉ ရက်နေ့ အလင်းဝင်လာတယ်လို့ဆိုပါတယ်။
သူဟာ လုပ်သက်ဆယ့်တနှစ်ရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်၊ နို၀င်ဘာလ ၅ ရက်နေ့ တီးတိန်မြို့မရဲစခန်းမှာ တာ၀န်ထမ်းဆောင်နေတာလို့ ဆိုပါတယ်။
အဲဒီတီးတိန်မြို့ရှိ ခလရ ၂၆၉တပ်ရင်းမှ LalEngPuiAa ကိုယ်ပိုင်အမှတ်- ပစ/၁၇၀၄၆၇ နဲ့ မင်းကျော်သိန်း ကိုယ်ပိုင်အမှတ် – ပစ -၁၄၉၀၉၉ တို့နှစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၁၀ ရက် နေ့ PDF Zoland ဆီ အလင်းဝင်လာတယ်လို့ပါတယ်။
ချင်းညီနောင်အဖွဲ့ CB တပ်ဖွဲ့ရဲ့ လှုပ်ရှားမှုနယ်မြေမှာ သိမ်းပိုက်ဖို့ကျန်နေတဲ့ တီးတိန်မြို့ကို၂ဝ၂၆ ခုနှစ်အတွင်း တိုက်ခိုက်သိမ်းပိုက်မှာမို့ ခလရ ၂၆၉ တပ်ရင်းအပါအ၀င် မြို့မရဲစခန်းရှိစစ်ကော်မရှင်တပ်ဖွဲ့၀င်တွေအနေနဲ့ အချိန်မှီဘက် ပြောင်းခိုလှုံလာကြဖို့ PDF Zoland က သတိပေးထားပါတယ်။





