Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံတကာ သတင်း အာရက္ခဒေသ

ရခိုင်တွင် စောင့်ကြည့်ထိန်းကျောင်းကြရမည့် နိုင်ငံတကာအဖွဲ့အစည်းများ

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
1
VIEWS
Share on FacebookShare on Twitter
ရခိုင်တွင် စောင့်ကြည့်ထိန်းကျောင်းကြရမည့် နိုင်ငံတကာအဖွဲ့အစည်းများ
Border News Agency
မောင်တော၊သြဂုတ် ၃၁။
ရခိုင်တွင် အစိုးရမဟုတ်သည့်နိုင်ငံတကာအဖွဲ့အစည်းများ(INGOs)သည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကြောင်းပြု၀င်ရောက်လာကြသည်မှာအနည်းဆုံးဆယ်စုနှစ်နှစ်စုရှိခဲ့ပြီဖြစ်သည်။
ထိုအဖွဲ့အများဆုံးသည် စစ်တွေမြို့တွင်ရုံးစိုက်ကြပြီး ၎င်းစီမံကိန်းများကို စစ်
တွေ၊ပေါက်တော၊ရသေ့တောင်၊ဘူးသီးတောင်၊မောင်တောနှင့်မြောက်ဦးမြို့စ
သည့်ဒေသများတွင်သာ အများဆုံးအကောင်အထည်ဖော်ကြပြီး တခြားမြို့များတွင်မူ လက်ချိုးရေတွက်နိုင်သည့် ဒေသခံ(Local)အဖွဲ့ငယ်အနည်းစုသာတွေ့ရှိရပါသည်။
ရခိုင်သို့ အစိုးရမဟုတ်သည့် နိုင်ငံတကာအဖွဲ့အစည်းများ(INGOs)၀င်ရောက်
လာခြင်းဖြင့် ပြည်နယ်အစိုးရလက်လှမ်းမမှီသောဒေသများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလည်ပတ်လာသည်သာမက ဒေသခံအများအပြားလစာမြင့်အလုပ်အကိုင်ရရှိခြင်း၊ကုန်သွယ်ရောင်းဝယ်ရေးလုပ်ငန်းများ၊သယ်ယူပို့ဆောင်
ရေးယာဥ်လုပ်ငန်းရှင်များအဆင်ပြေလာခြင်းနှင့် ဒေသတွင်းဘဏ်လုပ်ငန်းများ
လည်း အရှိန်အဟုန်ပြင်းစွာဖြင့်မောင်းနှင်လာနိုင်ခဲ့ပါသည်။
ထိုသို့အကူအညီ စီမံကိန်းများသည် ဆင်းရဲတွင်းနက်နေသော ရခိုင်ဒေသခံများအဖို့ နည်းပါးသောအကူအညီဖြစ်နေစေကာမူ အတိုင်းအတာတခုထိအထောက်အပံ့ဖြစ်သည်ဆိုသည်ကို မည်သူမျှ ငြင်းချက်ထုတ်လိမ့်မည်မဟုတ်ပေ။
‘’လေကောင်း၊လေသန့်နှင့်အတူ ပိုးမွှားများလည် ပါလာတတ်သည်’’စကားပုံကဲ့သို့ဒေသဖွံ့ဖြိုးရေးနှင့်အတူ နောက်ကွယ်ကပါလာနိုင်တတ်သောအရာများကိုလည်းရှာဖွေ၊သိရှိရမည်ဖြစ်ပါသည်။
ထိုပိုးမွှားအမျိုးအစား၊အရည်အတွက်ကို သိရှိပြီးမှသာ သင့်တော်သောအကာ
အကွယ်များကို စီမံဖန်တီးနိုင်ပါမည်။ထိုသို့မဟုတ်ပါက”လေနှင့်အတူပါလာ
နိုင်တတ်သောပိုးမွှားများ” ကိုလည်း ရှူရှိုက်မိပြီးသားဖြစ်သွားပါလိမ့်မည်။
ရန်ပုံငွေရှာဖွေခြင်းနောက်ကွယ်မှ ပိုးမွှားများ
ဒေသဖွံ့ဖြိုးရေးစီမံကိန်းကြီးများအတွက် အဓိကအသက်သွေးကြောသည်ရန်ပုံငွေရှာဖွေခြင်း(Fundraising)ဟုခေါ်သော ငွေကြေးရှာဖွေရေးလုပ်ငန်းဖြစ်သည်။
ထိုငွေကြေးရှာ‌ဖွေရေးလုပ်ငန်းများလုပ်ကြရာတွင် INGOsများသည်European
Union ၊ USAID၊ France Embassy ကဲ့သို့သော အစိုးရနောက်ခံပြုအလှူရှင်
(Donor)အဖွဲ့အစည်းများသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအစီအစဥ်အကြမ်း(Draft Plan)များရေးဆွဲပြီး၊လအပိုင်းအခြား သို့မဟုတ် နှစ်အပိုင်း အခြားအတွင်း အ
ကောင်အထည်ဖော်ဆောင်မည့်စီမံကိန်းအတွက် အနီးစပ်ဆုံးကုန်ကျနိုင်ခြေရှိသော ဘဏ္ဍာရေးအစီအစဉ်(financial plan)များကိုအဆိုပြုချက်(Proposal)
တွင် ထည့်သွင်းရေးဆွဲပြီးအလှူရှင်(Donor)အဖွဲ့အစည်းများသို့ တင်ပြကြရပါသည်။
ထိုအလှူရှင်(Donor)များက စီမံကိန်းလုပ်ငန်းအသေးစိတ်၊ဒေသ၊အကျိုးခံစား
ခွင့်ရှိလူဦးရေ၊အချိန်ကာလသတ်မှတ်ချက်၊ကုန်ကျစာရိတ်လုပ်ငန်းအောင်မြင်
နိုင်ခြေနှင့်အခြားသောအချက်များကို လေ့လာသုံးသပ်ပြီး သဘောတူလက်ခံပါက အလှူရှင်နှင့်အဆိုပြုချက်တင်သော INGOအဖွဲ့ကြား သဘောတူစာချုပ်ချုပ်ဆိုကြပါသည်။
ထိုသို့စာချုပ်ချုပ်ဆိုပြီးမှသာ အဆိုပါ INGOs များသည် စာချုပ်ပါသဘောတူညီချက်အတိုင်းစီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ကြရပါသည်။
ထိုအလှူရှင်(Donor)အဖွဲ့များသည်အစိုးရနောက်ခံပြုအဖွဲ့အစည်းများသာမက၊အစိုးရနှင့်မသက်ဆိုင်သောအဖွဲ့အစည်းများရှိသကဲ့သို့ တစ်ဦးတည်းအလှူရှင်( Donor)များလည်းရှိပါသည်။
ကျွန်တော်လုပ်ကိုင်ခဲ့ဖူးသော INGOs အများစုသည် အလှူရှင်များသို့အဆိုပြုချက်တင်ကြရာတွင်လွယ်ကူ၊မြန်ဆန်စေရေးအတွက် base line data ဟုခေါ်သော မြေပြင်ပကတိလိုအပ်ချက်အခြေအနေမှန်များကို ကွင်းဆင်းလေ့လာကောက်ယူခြင်းမပြုကြတော့ဘဲ ခေတ်မမှီတော့သည့့််ချက်အလက်(Data)
များ( လွန်ခဲ့သော ၈ နှစ် သို့ ၁၀ နှစ်ခန့်မှ ကောက်ယူထားသော မြေပြင်စရင်းလိုအပ်ချက်)များနှင့် အတွေ့အကြုံများကို မှီငြမ်းတင်ပြလာကြသည်ကို စိတ်
မကောင်းစွာတွေ့လာရပါသည်။
ဤသို့ပြုလုပ်ခြင်း အကျိုးဆက်အနေနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများသည် လုပ်ငန်းအကောင်အထည်ဖော်စတင်ကြသောအချိန်တွင် မြေပြင်ပကတိ၊အ
နေထားလိုအပ်ချက်များနှင့် များစွာကွဲလွဲအဆင်မပြေမူများကြုံတွေ့လာကြရပါသည်။ ဥပမာ စီမံကိန်းတွင် အကျိုးခံစားခွင့်ရှိသူ ၁၂၀ ဦးအတွက်သာပါရှိ၍ မြေပြင်တွင် ၄၇၀ ဦး ဖြစ်နေတတ်သောကြောင့် စိမံကိန်းအကောင်အထည်ဖော်ရာဒေသတွင် ဒေသအတူနေလူထုအချင်းချင်းကြား မလိုလားအပ်သောအကျိုး
စီးပွားပဋိပက္ခရှိလာခြင်း၊လိုအပ်ချက်နှင့် ထောက်ပံ့ကူညီသော အထောက်အပံ့ကိုက်ညီမှုမရှိခြင်းစသော လွဲချော်မှုများဖြစ်ပေါ်လာရပါသည်။
စီမံကိန်းအောင်မြင်ရေးအတွက် ဆက်သွယ်သွားလာရလွယ်ကူ၍ ရုံးစိုက်ရာမြို့နှင့်အနီးဆုံးကျေးရွာများကိုသာစီမံကိန်းဒေအဖြစ် INGOsအများစုကရွေးချယ်သတ်မှတ်လာကြခြင်းကြောင့် အမှန်တကယ်လိုအပ်ချက်ရှိသော နေရာများသို့
ကို ဖြစ်ပေါ်စေသည်သာမက ပိုမိုလိုအပ်ချက်ရှိသော အရပ်ဒေသနေလူထုများ အထောက်အပံ့ရရှိမှု ဆုံးရှုံးနေကြရပါသည်။
ဤထက်စိတ်မကောင်းစွာတွေ့ရှိရသည့်အချက်မှာအဆိုပြုချက် (Proposal) ၏ ဇာတ်ကြောင်း(Narrative)ရေးသားရာတွင် အလှူရှင်အကြိုက်သို့မဟုတ်အဆို
ပါချက်အောင်မြင်ရန်တခုတည်းအတွက် လူမျိုးစုတစုတည်း၏လိုအပ်ချက်ကိုသာသနားစဖွယ်မီးမောင်းထိုး၊ဇာတ်နာရေးသားထားပြီး ဒေသအတူနေအခြားလူမျိုးစုများနှင့် အုပ်ချုပ်သူများအပေါ်တွင် အကောင်းမြင်စိတ်နည်းပါးသော
ပညာရှင်ဆန်သည့်(Acadamic) အရေးအသားများဖြင့် နိုင်ငံတကာအစိုးရနောက်ခံပြုအလှူရှင်အဖွဲ့အစည်းများစွာသို့ တင်ပြနေကြခြင်းပင်ဖြစ်ပါသည်။
ထိုကဲ့သို့ ကျင့်ဝတ်(Ethic)မစောင့်ထိန်းသော၊အကျိုးအမြတ်တခုတည်းသောကြည့်တတ်သော INGOs အဖွဲ့အစည်းအချို့၏ အဆိုပြုချက်အရေးအသားများကြောင့် နိုင်ငံတကာမှ အစိုးရများနှင့်အလှူရှင်အဖွဲ့အစည်းများသည် ရခိုင်ပက
တိအခြေအနေမှန်များ၊ ဒေသအတူနေလူမျိုးစုများအချင်းချင်း သဟဇာတဖြစ်
မှုများ၊ဒေသအုပ်ချုပ်နေသူများအပေါ် အထင်အမြင်လွဲမှားမှုများနှင့် အနာဂါတ်ရခိုင်ပြည်ဖွံ့ဖြိုးရေးအတွက် စိန်ခေါ်မှုများဖြစ်ပေါ်စေသည်မှာ မုချဧကန်ပင် ဖြစ်ပါသည်။
အခြားပိုးမွှားများ
မြန်မာနိုင်ငံတွင် ဒေသအကျိုးပြုဖွံ့ဖြိုးရေးစီမံကိန်းများလုပ်ကိုင်ရန် နိုင်ငံတကာမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများ စိတ်၀င်စားကြပါသည်။
ထို့ကြောင့်လည်း မြန်မာနိုင်ငံတွင် တရား၀င် အသင်းအဖွဲ့မှတ်ပုံတင်ထားပြီး၊ ပြည်ထောင်စုအဆင့်၀န်ကြီးဌာန အသီးသီးနှင့်နားလည်မှုစာချွန်လွှာ( MOU) ထိုးပြီးလျှင် ပြည်နယ်အသီးသီးတွင် စီမံကိန်းအကောင်အထည်ဖော်နေကြသော နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၈၀ ကျော်ရှိသည်ဟု သိရှိရပါသည်။
ထို့အတူ တရား၀င်အသင်းအဖွဲ့မှတ်ပုံတင်ထားခြင်းမရှိ၊MOU ထိုးထားခြင်းလည်းမရှိပဲ အလုပ်လုပ်ကြသော အဖွဲ့အစည်းအချို့လည်း ရှိနေပါသည်။
မြန်မာတနိုင်ငံလုံးတွင် နိုင်ငံတကာမှ လူသားချင်းစာနာကူညီထောက်ပံ့ရေးအဖွဲ့အစည်းများ၏ ၆၀ရာခိုင်နှန်းသော fund သို့မဟုတ်ဒေသအကျိုးပြုစီမံကိန်းများ
သည် ရခိုင်ပြည်မြောက်ပိုင်းဒေသမြို့များဖြစ်ပြီး ကျန် ၄၀ ရာခိုင်နှန်းသည်တ
ခြားသောတိုင်းနှင့် ပြည်နယ်မြို့နယ်များတွင် စီမံကိန်းအကောင်အထည်ဖော်
ဆောင်နေကြခြင်းဖြစ်သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ရခိုင်ပြည်မြောက်ပိုင်းမြို့များသည် INGOs အပါအ၀င် နိုင်ငံတကာအဖွဲ့များ၏ အထူးစိတ်၀င်စားခြင်းခံနေရသည်ကို သိ
ရှိရပါသည်။
ထိုအဖွဲ့များတွင်၀န်ထမ်းအင်အား ၃၀၀ နှင့်၅၀၀ ကြားရှိသော အဖွဲ့အစည်းတစ်ခု၏ စီမံကိန်းတစ်ခု တစ်နှစ်တာ Budet ငွေသည် အမေရိကန်ဒေါ်လာသုံးသိန်း မှသုံးဆယ်ငါးသိန်းထိရှိနိုင်ကြပြီး အဖွဲ့အစည်းတစ်ခုတည်းသည်ပင် တစ်နှစ်အတွင်း စီမံကိန်းလေးခုမှကိုးခုထိ အကောင်အထည်ဖော်သော အဖွဲ့အစည်းများစွာရှိပါသည်။
ဤသို့သော စံမံကိန်းများကို အကောင်အထည်ဖော်နေကြသော နိုင်ငံတကအဖွဲ့
စည်းသည် ရခိုင်တွင်သုံးဆယ့်ခုနှစ်ဖွဲ့ ရှိပြီး၊တရားဝင်ရုံးဖွင့်ထားခြင်းမရှိသောနိုင်
ငံတကာအဖွဲ့အချို့နှင့် Local NGO ကိုးဖွဲ့ရှိပါသည်။
ထိုအဖွဲ့အစည်းအသီးသီးထံမှ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ခေါင်းစဥ်အောက်မှ ဒေါ်လာသန်းပေါင်းများစွာသည် ရခိုင်သို့ တရား၀င် ဘဏ်
(Banking)စနစ်များနှင့်သော်၎င်း၊တရားမ၀င်ဟွန်ဒီ(Hawala)စနစ်များနှင့်သော်လည်ကောင်း ၀င်ရောက်လာခဲ့ကြပါသည်။
ဤသို့ ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲနိုင်အားရှိသော ဒေသအကျိုးပြုလုပ်ငန်းများသည် အမှန်တကယ်အကူအညီလိုအပ်နေပြီးမျှော်လင့်တောင်းတနေကြသော ရခိုင်ဒေသနေလူမျိုးအားလုံးဆီသို့ မှန်မှန်ကန်ကန်နှင့် မျှမျှတတရောက်ရှိမည်ဆိုလျှင်ပင် အတိုင်းထက်အလွန်၀မ်းသာကြိုဆိုစရာပင်ဖြစ်ပါသည် ။
သို့ရာတွင် ထိုငွေကြေးအင်အားစုများ ( သို့ ) အထောက်အပံ့များအားနိုင်ငံတ
ကာဆက်ဆံရေးနှင့် ငွေကြေးဆိုင်ရာကျွမ်းကျွင်သော ဒေသအုပ်ချုပ်သူများက INGOs အစုအဖွဲ့များနှင့် ပူးပေါင်းခြင်း ၊စောင့်ကြည့်ထိန်းကြောင်းနိုင်စွမ်းမရှိပါက ရခိုင်ဒေသသည် သယံဇာတကျိန်စာကဲ့သို့ ”ဒေါ်လာကျိန်စာ”ကျရောက်နိုင်
စွမ်းရှိသောဒေသအဖြစ်သို့ ရောက်ရှိသွားနိုင်ဖွယ်ရှိသည်။
ရခိုင်ဒေသရှိနိုင်ငံတကာကူညီပေးရေးအဖွဲ့အများစုသည်ရခိုင်ရှိလူမျိုးတစ်စုတ
ည်းကိုသာ”အကူအညီလိုအပ်နေသောအုပ်စု”ဟု အဓိပ္ပါယ်ဖွင့်ဆိုပြီး အဓိအား
ထုတ် အကူအညီ၊အကာအ ကွယ်အထောက်အပံ့များပေးနေပါသည်။ကျန်သည်လူမျိုးစုများအား လျှစ်လျူရှုထားဆဲဖြစ်သည်ကို လေ့လာတွေ့ရှိရပြီးINGOs
အဖွဲ့အစည်းများစွာ၏ မဆင်မခြင်စုပြုံ၀ယ်လိုအားများကြောင့် ဒေသတွင်းစျေးကွက်ပျက်စီးပြီးတချို့ကုန်စည်များရှားပါးပြတ်လပ်သောကြောင့် ကုန်စျေးနှန်းမြင့်ဒဏ်များကို ဒေသနေပြည်သူများ ခံစားစေရခြင်းဖြစ်ပါသည်။
( ဥပမာ WFP ၊ ICRC နှင့် တချို့သော INGOs များ၏ ဆန်တန်ချိန်အများအပြား
တချို့နိုင်ငံတကာအဖွဲ့အစည်းများ၏ စေတနာအမှန်၊ငွေလာရာလမ်းကြောင်းနှင့်အမှန်တကယ်ငွေစီးဆင်းသွင်းသောနေရာလမ်းကြောင်းများကို မသိရှိရခြင်း၊ဒေသတွင်းသတ်မှတ်ထားသော တရားဥပဒေ၊စည်ကမ်းများကို ဒေသခံအကူအ
ညီပေးရေး၀န်ထမ်းအချို့နှင့်ပေါင်းပြီး လက်တလုံးခြား ဥပဒေချိုးဖောက်နေခြင်းတို့ကြောင့် ဖြစ်ပါသည်။
ဥပမာ တရား၀င်အဖွဲ့အစည်းတခုသည် တခြားတရားမ၀င်အဖွဲ့အစည်းတခုအ
တွက်ကူညီပြီး စီမံကိန်းခရီးသွားလာ၊အလုပ်လုပ်ကိုင်ခွင့် TA လျောက်တင်ခြင်း၊ပုံမှားရိုက်အသုံးပြုခြင်း၊တရားမ၀င်ဂြိုဟ်တုဖုန်း(satellite phone) များကိုရုံးတိုင်းတွင်ထားရှိအသုံးပြုခြင်း၊၀န်ထမ်းမဟုတ်သော ဒေသနေလူအချို့ကို လုံခြုံရေးအရကန့်သတ်ထားသော ဒေသတနေရာမှတနေရာသို့ ပုံမှားရိုက်သယ်
ယူပို့ဆောင်ပေးခြင်းစသည့် များပြားလှစွာသော စောင့်ကြည့်ထိန်းကွပ်ရန် လို
အပ်နေသောအရာများ ဖြစ်ပျက်နေပါသည်။
ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတကာမှ လူမူကူညီရေးအဖွဲ့အစည်းများစွာ၏ အကူအညီကို အမှန်ပင်လိုအပ်လျက်ရှိပါသည်။
ဒေသအုပ်ချုပ်အာဏာပိုင်များသည်လည်း နိုင်ငံတကာအဖွဲ့များနှင့် ဒေသအာ
ဏာပိုင်များအကြား အပြန်အလှန်ဆက်သွယ်နှီးနှောဖလှယ်ခြင်းလုပ်ငန်းများလွယ်ကူစေရန်အထက်တွင်ဆိုခဲ့သည့်အတိုင်းကျွမ်းကျင်ပညာရှင်အစုအဖွဲ့သီးသန့်ထားရှိခြင်း၊နိုင်ငံတကာအဖွဲ့အစည်များအားပူးပေါင်းကူညီပေးခြင်း၊အကူအညီလိုအပ်နေသောဒေသများသို့ မှန်မှန်ကန်ကန်ရောက်ရှိနိုင်ရန်ထိန်း
ကျောင်းတည့်မတ်ပေးခြင်း၊ဖိတ်ခေါ်ခြင်းများ ပြုလုပ်ရန်လိုအပ်ပါသည်။
PrevPreviousစစ်အာဏာရှင်တော်လှန်ရေးကို ရိုဟင်ဂျာတွေ နှောက်ယှက်ဖျက်ဆီးနေ
Nextအာရက္ခဒေသစစ်ပွဲမှာ စစ်ကောင်စီက ရေတပ်ကို အဓိကအင်အားဖြည့်ခုခံနေNext
Previous Post

စစ်အာဏာရှင်တော်လှန်ရေးကို ရိုဟင်ဂျာတွေ နှောက်ယှက်ဖျက်ဆီးနေ

Next Post

အာရက္ခဒေသစစ်ပွဲမှာ စစ်ကောင်စီက ရေတပ်ကို အဓိကအင်အားဖြည့်ခုခံနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အမေရိကန်ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ထုတ်ပြန်

March 15, 2026
ဓာတ်ပုံ - KNU

ကစယ်ဒိုမှာ KTLAတပ်ဖွဲ့တိုက်ခိုက်လို့ ဗထူးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

March 15, 2026
ဓာတ်ပုံ- KNU

ထန်းတပင်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားသုံးဦးဒဏ်ရာရ

March 15, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​ယူအေအီးရှိရေနံသိုလှောင်ကန်တွေကို အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ မီးလောင်ကျွမ်း

March 15, 2026

အမေရိကန်ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ထုတ်ပြန်

ကစယ်ဒိုမှာ KTLAတပ်ဖွဲ့တိုက်ခိုက်လို့ ဗထူးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

ထန်းတပင်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားသုံးဦးဒဏ်ရာရ

​ယူအေအီးရှိရေနံသိုလှောင်ကန်တွေကို အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ မီးလောင်ကျွမ်း

အီရန်ရှိ အမှတ် ၈လေတပ်အခြေစိုက်စခန်းကို အမေရိကန်နဲ့အစ္စရေးတိုက်ခိုက်

အီရန်ရဲ့ အဓိကရေနံတင်ပို့ရာကတ်ကျွန်းကို အမေရိကန်ချေမှုန်းလိုက်ပြီလို့ ထရမ့်ပြော

Releated Post

အမေရိကန်ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ထုတ်ပြန်

March 15, 2026
ဓာတ်ပုံ - KNU

ကစယ်ဒိုမှာ KTLAတပ်ဖွဲ့တိုက်ခိုက်လို့ ဗထူးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

March 15, 2026
ဓာတ်ပုံ- KNU

ထန်းတပင်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားသုံးဦးဒဏ်ရာရ

March 15, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​ယူအေအီးရှိရေနံသိုလှောင်ကန်တွေကို အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ မီးလောင်ကျွမ်း

March 15, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

အီရန်ရှိ အမှတ် ၈လေတပ်အခြေစိုက်စခန်းကို အမေရိကန်နဲ့အစ္စရေးတိုက်ခိုက်

March 15, 2026

အီရန်ရဲ့ အဓိကရေနံတင်ပို့ရာကတ်ကျွန်းကို အမေရိကန်ချေမှုန်းလိုက်ပြီလို့ ထရမ့်ပြော

March 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page