Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး သတင်း အာရက္ခဒေသ

အာရက္ခဒေသစစ်ပွဲမှာ စစ်ကောင်စီက ရေတပ်ကို အဓိကအင်အားဖြည့်ခုခံနေ

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
2
VIEWS
Share on FacebookShare on Twitter
အာရက္ခဒေသစစ်ပွဲမှာ စစ်ကောင်စီက ရေတပ်ကို အဓိကအင်အားဖြည့်ခုခံနေ
Border News Agency
စစ်တွေ၊သြဂုတ် ၃၁။
အာရက္ခဒေသအဆုံးအဖြတ်စစ်ပွဲမှာ စစ်ကောင်စီတပ်က ရေတပ်ကို အဓိကအင်အားဖြည့်ခုခံနေရပြီး တပြည်လုံးလက်လွှတ်ဆုံးရှုံးမသွားစေဖို့အတွက်ကျားကန်နေကြရတယ်လို့စစ်ကောင်စီရေတပ်အသိုင်းအဝိုင်းက အတည် ပြုပြောကြပါတယ်။
အာရက္ခဒေသတခုလုံးမှာ စစ်ကောင်စီတပ်က ရေတပ်စစ်သည်အင်အားကို အများဆုံးအသုံးပြုခုခံနေကြရသလို ရေတပ်စစ်သင်္ဘောတွေလည်း အများဆုံးအသုံးပြုခုခံနေတာလို့ စစ်ကောင်စီရေတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီအထဲမှာ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်မှာ အင်အားအ များဆုံးဖြစ်ပြီး ရေတပ်စစ်သင်္ဘောတွေနဲ့တပ်ရင်းဌာနချုပ်အထိုင်စစ်သည်တွေအပါအဝင် အင်အားတစ်ထောင်ကျော်ခန့်ရှိတယ်လို့ စစ်ကောင်စီရေတပ်အသို င်းအဝိုင်းက ဆိုကြပါတယ်။
”ဓညဝတီရေတပ်ဌာနချုပ်မှာအင်အားအများဆုံးပဲ။တရုတ်အကျိုးစီးပွားကိုကာကွယ်ဖို့အတွက်လည်းပါတာပေါ့။ကျောက်ဖြူနဲ့ရမ်းဗြဲကြားပင်လယ်ဝမှာ ရေ ငုပ်စစ်သင်္ဘောကိုအသင့်ပြင်ထားတယ်။ရေတပ်အင်အားအများဆုံးကို ရခိုင်မှာသုံးနေတာ။”လို့ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ရေတပ်အရာရှိတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အာရက္ခတပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့” ၁၀၂၇စစ်ဆင်ရေး ”အဖြစ် အာရက္ခဒေသမှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော -အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်(AA)မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနေ့ကစတင်ပြီး စစ်ကောင်စီတပ်က ရေတပ်စစ်သင်္ဘောတွေ အသုံးပြုပစ်ကူပေးနေသလို ရေတပ်အထူးတပ်ဖွဲ့ဝင်တွေ အသုံးပြုပြီး ကမ်းတက်စစ်ကူးပေးဖို့ကြိုးစားခဲ့တာတွေရှိခဲ့ပြီး ကြေးတပ်အင်အားအများဆုံး သေဆုံး ဒဏ်ရာရဖမ်းဆီးပျောက်ဆုံးနေတာတွေရှိနေတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒါကြောင့် စစ်ကောင်စီကြေးတပ်အင်အားမလုံလောက်တော့တာမို့ ရေတပ်အင်အားကို အများဆုံးဖြည့်တင်းထားသလို မြန်မာတပြည်လုံးရှိရေတပ်အင် အားထဲက တပ်ဖွဲ့ဝင်အင်အားအများဆုံးအသုံးပြုနေရတာလို့လည်း စစ်ကောင် စီရေတပ်အရာရှိတွေက ဆိုကြပါတယ်။
အဲဲဒီလို ရေတပ်အင်အားနဲ့ရေတပ်စစ်သင်္ဘောကြီးတွေကို အဓိကအားကိုးအား ထားပြုပစ်ကူပေးခုခံနေတာမို့ ရေတပ်စခန်းတွေ၊ရေတပ်နေရာတွေကို အာရက္ခတပ်တော်(AA)ကလည်း အပြင်းထန်ဆုံးတိုက်ခိုက်နေရတယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။
”ရခိုင်စစ်ပွဲစဖြစ်ကတည်းက စောင့်ကြည့်လေ့လာရသလောက် ရေတပ်ပစ်ကူပေးလို့ရတဲ့နေရာတွေကို အေအေကအပြင်းအထန်တိုက်ယူနေရပါတယ်။လက် နက်ကြီး၊လေကြောင်းပစ်ကူပေးနိုင်တဲ့ဗျူဟာတွေကိုတောင် သိမ်းယူနိုင်ပေမယ့် ရေကြောင်းပစ်ကူပေးတဲ့နေရာတွေကို အပြင်းထန်းဆုံးတိုက်ယူနေရတာကိုတွေ့နေရပါတယ်။”လို့ ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာနေသူတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အာရက္ခဒေသမှာ စစ်ကောင်စီတပ်ရဲ့နောက်ဆုံးခံစစ်အဖြစ် ကျောက်ဖြူမြို့ နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်လက်အောက်ခံကြေးတပ်ရေတပ်၊အမှတ် ၁၁ ရေ တပ်ဆက်သွယ်ရေးတပ်၊အမှတ် ၁၂ ရေတပ်ပစ္စည်းထိန်းတပ်၊အမှတ် ၁၃ ရေ တပ်အုပ်ချုပ်ရေးတပ်၊အမှတ် ၁၄ ရေတပ်လက်နက်ခဲယမ်းနဲ့မီးကျောက်မီးတပ်၊အမှတ် ၁၅ ရေတပ်စစ်မှု လက်မှုတပ်၊အမှတ် ၁၆ စစ်ရေယာဉ်စုတပ်တွေအပြင်စနဲမြို့မှာအမှတ် ၁၈ ရေတပ်အခြေစိုက်စခန်း၊မာန်အောင်မှာ အမှတ် ၁၉ ရေ တပ်ရှေ့တန်းစခန်းတွေကိုပါ ကွပ်ကဲအုပ်ချုပ်အမိန့်ပေးနေတယ်လို့ Border News Agency က စုံစမ်းသိရှိရပါတယ်။
အဲဒီဓညဝတီရေတပ်စခန်းဌာနချုပ်အောက်မှာ ရေတပ်စစ်သင်္ဘောငယ်အစီးရေနှစ်ဆယ်ကျော်ရှိပြီး ရေတပ်စစ်ဆင်ရေးတွေကို အဓိကကွပ်ကဲနေသလို ကုန်း၊ရေအင်အားတစ်ထောင်ကျော်ခန့်ရှိတယ်လို့ စစ်ကောင်စီရေတပ် အသိုင်း အဝိုင်းက ဆိုကြပါတယ်။
အာရက္ခဒေသမှာ စစ်ကောင်စီတပ်ရဲ့သီးခြားရေတပ်အနေနဲ့သံတွဲမြို့နယ်မှာ နယ်မြေခံရေတပ်ပင်မရေငုပ်နဲ့ ဆယ်ယူရေတပ်ဟာ ရေတပ်သင်တန်းသားအင်းအားနှစ်ရာခန့်၊ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်စခန်းဌာနချုပ်နဲ့ အနီးပင် လယ်ပြင်ဝမှာ အမှတ် ၇၁ စစ်ရေယာဉ်စုရှိသလို ရေငုတ်သင်္ဘောကြီးကိုပါတွဲထားပြီး အဆင်သင့်ပြင်ဆင်ထားတယ်လို့ စစ်ကောင်စီရေတပ်အသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။
အဲဒီအပြင် စစ်တွေမြို့၊ပွိုင့်ကမ်းခြေအနီးရှိ အမှတ် ၃ ဗျူဟာစစ်ရေယာဥ်စုကို အနောက်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်အဖြစ် တိုးမြင့်လိုက်သလို ဗိုလ်ချုပ်အဆင့်အရာရှိတစ်ဦးကဦးဆောင်ကွပ်ကွဲနေပြီး အရာရှိစစ်သည် အင်အားသုံးဆယ်၊ရေတပ်စစ်သည်အင်အား တစ်ရာ့သုံးဆယ်ဦးရှိနေတယ်လို့ Border News Agency က စုံစမ်းသိရှိရပါတယ်။
အဲဒီအမှတ် ၃ ဗျူဟာစစ်ရေယာဥ်စုကို စစ်တွေမြို့နယ်၊ရွှေမင်းဂံသို့ပြောင်းရွေ့တိုးဖွင့်လိုက်ပြီး စစ်ကောင်စီရဲ့ ရေတပ်စစ်သည်အင်အားတစ်ရာကျော်က စစ်ရေယာဥ်ကြီးငယ် ၁၈ စီးနဲ့ရိက္ခာထောက်ပို့မှုတွေ၊စစ်သည်အင်အား သယ်ယူပို့ ဆောင်မှုတွေ၊စစ်ကူ၊ပစ်ကူပေးမှုတွေကို အဓိကပြုလုပ်နေတယ်လို့ စစ်ကောင် စီရေတပ်အသိုင်း အဝိုင်းက ဆိုကြပါတယ်။
အာရက္ခတပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့” ၁၀၂၇စစ်ဆငရေး”အဖြစ် အာရက္ခဒေသမှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်ပြီး အာရက္ခအဆုံးအဖြစ်စစ်ပွဲဖြစ်ပွားလာပြီးနောက် စစ်ကောင်စီတပ်က ရေတပ်အင်အားကို အဓိကအခြေပြုခုခံနေတယ်လို့ အာရက္ခတပ်တော်(AA)က ဆိုပါတယ်။
”ရန်သူ့ဖက်ကရေတပ်အင်အားကိုအဓိကအခြေပြုပြီးမှခံစစ်ဆင်နွဲတာတို့၊ခုနောက်ပိုင်းသူရဲ့မဟာမိတ်နိုင်ငံတွေဆီကနေ ဒရုန်းနဲ့တခြားသောနည်းပညာတွေကိုပိုပြီးအသုံးလာနိုင်တာကိုကျနော်တို့တွေ့ရတယ်။” ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊တပ်မှူးချုပ်က ဧရာဝတီသတင်းဌာနနဲ့သီးသန့်အင်တာဗျူးမှာဖြေဆိုထားပါတယ်။
အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့သံတွဲမြို့နယ်ရှိ စစ်ကောင်စီရေတပ် အခြေစိုက်စခန်းနဲ့ဂွမြို့နယ်၊ကျိန္တလီမြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီရေတပ်က စစ်သင်္ဘောရှစ်စင်းနဲ့ရေကြော င်းမှ စစ်သည်လက်နက်အင်အားဖြည့်တင်းနေသလို လက်နက်ကြီးတွေ ပစ်ကူးပေးခုခံတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်(AA)က သြဂုတ်လ ၂၆ ရက် နေ့ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ရေတပ်အင်အားတစ်သောင်းကျော်ခန့်သာရှိပြီး အဲဒီအထဲက အင်အားအများအပြားနဲ့ရေငုပ်သင်္ဘောအပါအဝင် ရေတပ်စစ်သ င်္ဘောအများအပြားကို ပို့ဆောင်ခုခံနေပေမယ့် ရေတပ်လည်း စစ်ရှုံးထွက်ပြေးနေကြရတာမို့ စစ်ကောင်စီတပ်ရဲ့ကြေးရေလေပူးပေါင်းခုခံနေတာတွေ မအောင်မြင်ဘူးလို့ စစ်ရေးလေ့လာသူတွေက ဆိုကြပါတယ်။
အာရက္ခစစ်ပွဲအဆုံးအဖြတ်မှာ အာရက္ခတပ်တော်(AA)က မြို့အများစုကို တိုက် ခိုက်သိမ်းပိုက်ထားပြီဖြစ်သလို သံတွဲ၊မောင်တော မြို့တွေကို အပြီးသတ်သိမ်း ပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အမ်း၊ကျောက်ဖြူ၊တောင်ကုတ်၊ ဂွ၊မြို့တွေမှာလည်း တိုက်ပွဲတွေဖြစ်နေသလို စစ်တွေ၊မာန်အောင်မြို့တွေမှာလည်း စစ်ရေးတင်းမာမှုတွေလည်း မြင့်တက် နေပါတယ်။
အာရက္ခစစ်ပွဲအဆုံးအဖြတ်မှာ အာရက္ခဒေသရှိ လက်နက်ချအညံ့ခံအလံဖြူမထောင်တဲ့ စစ်ကောင်စီတပ်စခန်း တွေကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)က အကြိမ်ကြိမ်သတိပေးထားပြီး လက်ကျန်မြို့တွေကို အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်ရေးတင်း မာမှုတွေလည်း မြင့်တက်နေပါတယ်။
(ဓာတ်ပုံ-စစ်ကောင်စီတပ်အသုံးပြုနေတဲ့ရေတပ်စစ်သင်္ဘောတစ်စင်းကိုတွေ့ရပုံ/BNA)
May be an image of boat and text
PrevPreviousရခိုင်တွင် စောင့်ကြည့်ထိန်းကျောင်းကြရမည့် နိုင်ငံတကာအဖွဲ့အစည်းများ
Nextမောင်တောကို အပြီးသတ်ဆုံးရှုံးခါနီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုခုခံနေNext
Previous Post

ရခိုင်တွင် စောင့်ကြည့်ထိန်းကျောင်းကြရမည့် နိုင်ငံတကာအဖွဲ့အစည်းများ

Next Post

မောင်တောကို အပြီးသတ်ဆုံးရှုံးခါနီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုခုခံနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo-AA

​အမ်းရှိစစ်သုံ့ပန်းစခန်းလေကြောင်းတိုက်ခိုက်ခံရမှုမှာ ဗိုလ်မှူးချုပ်နဲ့အရာရှိကြီး အများအပြားသေဆုံး

March 12, 2026
ဓာတ်ပုံ - စစ်ကော်မရှင်

​မြဝတီရှိတရားမဝင်ပြည်ပနိုင်ငံသား ၇၀ ကျော်ကိုထိုင်းဘက်သို့ ပြည်နှင်

March 11, 2026

ဒေတာအမှားကြောင့် အီရန်ကျောင်းဗုံးထိမှန်မှုကို အမေရိကန်စစ်ဘက်ဝန်ခံ သေဆုံးသူ ၁၇၅ ဦးအထိရှိလာ

March 11, 2026

​အီရန်ရဲ့တိုက်ခိုက်မှုတွေကို UAE လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဟန့်တား

March 11, 2026

​အမ်းရှိစစ်သုံ့ပန်းစခန်းလေကြောင်းတိုက်ခိုက်ခံရမှုမှာ ဗိုလ်မှူးချုပ်နဲ့အရာရှိကြီး အများအပြားသေဆုံး

​မြဝတီရှိတရားမဝင်ပြည်ပနိုင်ငံသား ၇၀ ကျော်ကိုထိုင်းဘက်သို့ ပြည်နှင်

ဒေတာအမှားကြောင့် အီရန်ကျောင်းဗုံးထိမှန်မှုကို အမေရိကန်စစ်ဘက်ဝန်ခံ သေဆုံးသူ ၁၇၅ ဦးအထိရှိလာ

​အီရန်ရဲ့တိုက်ခိုက်မှုတွေကို UAE လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဟန့်တား

​ရခိုင်ကုန်သည် မေ့ကျန်ခဲ့တဲ့ ငွေသိန်း ၁၅၀ဝ ပြန်အပ်သူကို မီဇိုရမ်ဝန်ကြီးချုပ် ဂုဏ်ပြုမယ်

​ယင်းမာပင်ရဲမေအမှုကျူးလွန်သူတွေကို အရေးယူမယ်လို့ NUG ထုတ်ပြန်

Releated Post

Photo-AA

​အမ်းရှိစစ်သုံ့ပန်းစခန်းလေကြောင်းတိုက်ခိုက်ခံရမှုမှာ ဗိုလ်မှူးချုပ်နဲ့အရာရှိကြီး အများအပြားသေဆုံး

March 12, 2026
ဓာတ်ပုံ - စစ်ကော်မရှင်

​မြဝတီရှိတရားမဝင်ပြည်ပနိုင်ငံသား ၇၀ ကျော်ကိုထိုင်းဘက်သို့ ပြည်နှင်

March 11, 2026

ဒေတာအမှားကြောင့် အီရန်ကျောင်းဗုံးထိမှန်မှုကို အမေရိကန်စစ်ဘက်ဝန်ခံ သေဆုံးသူ ၁၇၅ ဦးအထိရှိလာ

March 11, 2026

​အီရန်ရဲ့တိုက်ခိုက်မှုတွေကို UAE လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဟန့်တား

March 11, 2026

​ရခိုင်ကုန်သည် မေ့ကျန်ခဲ့တဲ့ ငွေသိန်း ၁၅၀ဝ ပြန်အပ်သူကို မီဇိုရမ်ဝန်ကြီးချုပ် ဂုဏ်ပြုမယ်

March 11, 2026

​ယင်းမာပင်ရဲမေအမှုကျူးလွန်သူတွေကို အရေးယူမယ်လို့ NUG ထုတ်ပြန်

March 11, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page