Border News Agency
ရန်ကုန်၊ ဇန်နဝါရီ ၁၁။
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်နဲ့ ရန်ကုန် – မန္တလေး အမှတ် ၁ လမ်းရှိ စစ်ကော်မရှင်တပ် ကာကင်းစခန်းတွေကို သရက်ခရိုင်စစ်ဌာနရဲ့ အထူးလှုပ်ရှားတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဇန်နဝါရီလ ၁၂ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးပြီး ဒဏ်ရာရသွားတဲ့ငါးဦးထဲက အရေးပေါ်ဒဏ်ရာပြင်းထန်သူ နှစ်ဦးရှိတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် သေနတ်သုံးလက်နဲ့ ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး ဧကရာဇ်ကျေးရွာရဲ့အရှေ့ထိပ် ကာကင်းဂိတ်စခန်း၊ နွယ်လိမ်လမ်းပေါက်ကာကင်းစခန်းနဲ့ ခြောက်ပေလမ်းပေါက် ဂိတ်ကင်းစခန်းတွေကို တော်လှန်ရေးတပ်တွေက တပြိုင်ထဲဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်စခန်းသိမ်းတိုက်ပွဲမှာ MA – 13 သေနတ်နှစ်လက်အပါအဝင် G – 3 သေနတ်တလက်၊ ကျည်ဘောက်မျိုးစုံဆယ့်ကိုးခု၊ ကျည်မျိုးစုံတထောင်နီးပါးနဲ့ ကလလ တလုံး၊ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူလူထုအနေနဲ့ စစ်ကော်မရှင်စခန်းတွေနဲ့ အဝေးဆုံးမှာနေကြဖို့ သတိပေးထားပါတယ်။






