Border News Agency
ကော့ဘဇား၊ ဇန်နဝါရီ ၁၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့အာရက္ခ-ဘင်္ဂလားနယ်စပ်၊ မောင်တောမြို့နယ်မှာအာရက္ခတပ်တော်ရဲ့အကြမ်းဖက်နှိမ်နင်းရေးစစ်ဆင်မှုကြောင့် ရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားတရာကျော်သေဆုံးပြီးတရာကျော်ဒဏ်ရာရသွားကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားငါးရာနီးပါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှနတ်မြစ်ကိုဖြတ်ပြီးလူလှိုင်းစစ်ဆင်ရေးအသုံးပြုနယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတေံကျူးလွန်ခဲ့ကြတာပါ။
အဲဒီအကြမ်းဖက်သမားတွေကို အာရက္ခတပ်တော်ကအကြမ်းဖက်နှိမ်နင်းရေးစစ်ဆင်တိုက်ခိုက်ခဲ့တာမို့အကြမ်းဖက်သမားတရာကျော်သေဆုံးပြီးတရာကျော်ဒဏ်ရာရသွားကြပြီးဒုက္ခသည်စခန်းတွေကို ဒဏ်ရာတွေနဲ့ပြန်ပြေးလာကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကဆိုကြပါတယ်။
“အာဆာ၊အာအက်စ်အို၊အေအာလ်အေအကုန်လုံးပေါင်းပြီးတပြိုင်တည်းတိုက်ကြတာပါ။ အေအေကသတင်းကြိုရ ထားလက်နက်ကြီးတွေသုံးပြီးတိုက်တာ
တရာကျော်သေပါတယ်။တရာကျော်ဒ ဏ်ရာရပါတယ်။ဒဏ်ရာတွေနဲ့စခန်းတွေထဲကို ပြန်ပြေးလာကြပါတယ်။အ သက်တဆယ်ကျော်အရွယ်ကလေးတွေ
တောင်ပါပါတယ်။” လို့ ဘင်္ဂလားဒေ့ရှ်နို င်ငံ၊ကုတုပါလောင်ဒုက္ခသည်စခန်းမှရိုဟင်ဂျာဒုက္ခသည်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားရာပေါင်းများစွာပါဝင်အကြမ်းဖက်မှုတွေကျူးလွန်ခဲ့ကြပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရဟာ အကြမ်းဖ က်သမားငါးဆယ်သုံးဦးကိုသာထိန်းသိ မ်းထားတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဒုက္ခ သည်စခန်းတွေရှိရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားထောင်ပေါင်းများစွာကို ဘင်္ဂလားဒေ့ရှ်အစိုးရ
ဖမ်းဆီးအရေးယူသင့်သလို ဒုက္ခသည်စခန်းတွေမှာအကြမ်းဖက်နှိမ်နင်းရေးတွေဆောင်ရွက်သင့်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက တောင်းဆိုနေကြပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ ဒုက္ခသည်စ ခန်းတွေက အသက်မပြည့်သေးတဲ့က လေးတွေကိုလည်း အတင်းအဓမ္မခေါ်
ဆောင်ပြီးအကြမ်းဖက်မှုတွေကျူးလွန်ဖို့စေခိုင်းနေသလို အတင်းအဓမ္မလူသစ်စုဆောင်တာတွေကျူးလွန်နေကြပေမယ့်ရိုဟင်ဂျာလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူအမည်ခံတွေ ဝေဖန်ပြောဆိုတားမြစ်ကြတာတွေမရှိကြဘူးလို့ဒုက္ခသည်တွေက ထောက်ပြကြပါတယ်။
“ဒီလ်မာမောက်ကို ဘင်္ဂလားထောက်လှ မ်းရေးတွေကစခန်းထဲမှာစိတ်ကြိုက်လှု ပ်ရှားခွင့်ပေးထားပါတယ်။ နော်ဘိရ်ဟူဆောင်ကိုလည်းစိတ်ကြိုက်လူသစ်စုဆောင်းနေပါတယ်။စခန်းထဲကရော့၊ပြည်ပရောက်လူ့အခွင့်အရေးအမည်ခံရိုဟင်ဂျာတွေက ဘာမှမပြောကြပါဘူး။သူတို့ကိုယ့်တိုင်ဒုက္ခသည်တွေကိုအသေခံတိုက်ခိုင်းနေတာပါ။” လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊အူခီးယာဒုက္ခသည်စခ န်းရှိ ရိုဟင်ဂျာဒုက္ခသည်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေးတွေ၊ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တွေက အကူအညီအ ကာအကွယ်ပေးထားသလို အာဏာသိ မ်းမြန်မာစစ်တပ်ကလည်း လက်နက်တွေ၊မူးယစ်းဆေးဝါးတွေ ထောက်ပံ့ပေးထားတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။
အဲဒါကြောင့် အာရက္ခ-ဘင်္ဂလားဒေ့ရှ်န ယ်စပ်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခြေကုပ်ယူပြီးနယ် စပ်ဖြတ်ကျော်အကြမ်းဖက်တိုက်ခိုက်မှုတွေကျူးလွန်နေကြတာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ဆိုကြပါတယ်။
အဲဒီအပြင် ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ ဒုက္ခ သည်အမျိုးသမီးတွေကို အတင်းအဓမ္မပြန်ပေးဆွဲမဒိန်းကျင့်တာတွေ၊ အတင်းအဓမ္မပြန်ပေးဆွဲငွေညှစ်တာတွေ၊ လူကုန်ကူးတာတွေ၊ မူးယစ်ဆေးဝါးကုန်ကူးတာတွေကျူးလွန်နေကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။
ဒါပေမယ့် ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအခြေချအကြမ်းဖက်မှုတွေကျူးလွ န်ခွင့်ပြုထားသလို စစ်သင်တန်းပေးတာတွေ၊ လက်နက်၊ ရိက္ခာ၊ ဆေးဝါးကုသပေးတာတွေအပါအဝင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလည်း တောင်းခံပေးထားတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ထောက်ပြကြပါတယ်။






