Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး နိုင်ငံရေး သတင်း

အကြမ်းဖက်သမားတွေ လူလှိုင်းစစ်ဆင်ရေးကို ပြန်အသုံးပြုနေ

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
မောင်တော၊ဇန်နဝါရီ ၁၂။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့အာရက္ခ-ဘင်္ဂလားနယ်စပ်၊ မောင်တောမြို့နယ်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာနယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေကျူးလွန်နေကြပါတယ်။

အဲဒီအကြမ်းဖက်မှုတွေမှာလူလှိုင်းစစ်ဆင်ရေးအဖြစ်လူအင်အားရာပေါင်းများစွာကိုအသုံးပြုအသေခံအကြမ်းဖက်တိုက်ခိုက်နေကြတာလို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ဆိုကြပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ ဇန်နဝါရီလ ၉ ရက်နေ့ ၁၁ ရက်နေ့ထိ ဘင်္ဂလားဒေ့ရှ်နို င်ငံ၊နတ်မြစ်ထဲမှလူလှိုင်းအားကိုအသုံး ပြုပြီးနယ်စပ်ဖြတ်ကျော်ဝင်ရောက်အ ကြမ်းဖက်ဖို့ကြိုးစားခဲ့ကြတာလို့ ဆိုကြပါတယ်။

အဲဒါကြောင့်အာရက္ခတပ်တော်က အကြမ်းဖက်နှိမ်နင်းရေးစစ်ဆင်မှုတွေအပြင်းအထန်ပြုလုပ်ခဲ့ရပြီးရိုဟင်ဂျာအမ ည်ခံအကြမ်းဖက်သမားတရာကျော်သေဆုံးပြီးနှစ်ရာနီးပါးဒဏ်ရာရသွားကြတယ်လို့ ရိုဟင်ဂျာဒုက္ခသ ည်တွေက ဆိုကြပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားငါးရာကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှနတ်မြစ်ကိုဖြတ်ပြီးလူလှိုင်းစစ်ဆင် ရေးအသုံးပြုနယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတေံကျူးလွန်ခဲ့ကြတာပါ။

အဲဒီအကြမ်းဖက်သမားတွေကို အာရက္ခတပ်တော်ကအကြမ်းဖက်နှိမ်နင်းရေးစစ်ဆင်တိုက်ခိုက်ခဲ့တာမို့အကြမ်းဖက်သမားတရာကျော်သေဆုံးပြီးနှစ်
ရာကျော်ဒဏ်ရာရသွားကြပြီးဒုက္ခသည်စခန်းတွေကို ဒဏ်ရာတွေနဲ့ပြန်ပြေးလာကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကဆိုကြပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ အသက်ဆယ့်သုံးနှစ်အရွယ်ကလေးသူငယ်တွေကအ စအတင်းအဓမ္မပေါ်တာဆွဲပြီးအသေခံအကြမ်းဖက်တိုက်ခိုက်ခိုင်းနေကြတာလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။

“သူတို့(ရိုဟင်ဂျာအကြမ်းဖက်သမား) တွေမှာစစ်ပညာလည်းမတတက်ကြပါဘူး။သေနတ်တွေလည်းအများကြီးမရှိကြပါဘူး။ဒါပေမယ့်စခန်းထဲကယောကျ်ားလေးတွေဆိုရင်ကလေးငယ်တွေကအစအတင်းခေါ်နေတာပါ။ပြီးရင်အဲ ဒီလူတွေကိုပဲရှေ့ဆုံးကနေပြီးအသေခံခိုင်းနေကြတာပါ။လူငယ်တွေ၊အသက်တွေကိုအသုံးပြုပြီးလက်နက်တွေရ အောင်၊နယ်မြေရအောင်အကြမ်းဖက်နေကြတာပါ။” လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ၊ အူခီးယားဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကို လူ့အခွင့်အရေးလှုပ်ရှားသူအမည်ခံ ရိုဟင်ဂျာတွေကနောက်ကွယ်မှမြှောက်ပေးအကြမ်းဖ က်အသေခံတိုက်ခိုင်းနေကြသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဒုက္ခသည်စခန်းတွေရှိလူ့ အခွင့်အရေးလှုပ်ရှားသူအမည်ခံရိုဟင်ဂျာဒုက္ခသည်တွေဟာ လူသစ်စုဆောင်းပေးတာတွေ၊စစ်သင်တန်းတက်တာတွေ၊ ကူညီထောက်ပံ့တာတွေ၊ဆေးဝါးကုသပေးတာတွေ၊အကူအညီအကာအ ကွယ်တွေပေးနေကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။

အဲဒါကြောင့်ဒုက္ခသည်အမည်ခံရိုဟင်ဂျာအကြမ်းဖက်သမားထောင်ပေါင်းများစွာဟာ လူလှိုင်းစစ်ဆင်ရေးကိုအ သုံးပြုပြီး နယ်စပ်ဖြတ်ကျော်အကြမ်းဖက်တိုက်ခိုက်မှုတွေကျူးလွန်ကြဖို့ပြင်ဆင်ထားကြပြီလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခ-ဘင်္ဂလားနယ်စပ်မှာလူလှိုင်းစစ်ဆင်ရေးအကြမ်းဖက်မှုကြီးတွေထပ်ဖြစ်လာနိုင်သလို အကြမ်း ဖက်တိုက်ခိုက်မှုကြီးတွေလည်း မကြာခဏဖြစ်လာနိုင်တယ်လို့ ရိုဟင်ဂျာဒုက္ခ သည်တွေက ဆိုကြပါတယ်။

“နိုင်ငံတကာရောက်နေသူတွေရော့၊ ဒုက္ခသည်စခန်းထဲကသူတွေပါ အသေခံတိုက်ခိုင်းနေကြတာပါ။ သူတို့ကတော့ နိုင်ငံတကာအကူအညီတွေယူပြီးကောင်း စားနေကြတာပါ။ ဒုက္ခသည်ကလေးတွေကိုတော့ အသေခံတိုက်ခိုင်းနေကြပါတယ်။ငါတို့မှာသေနတ်မရှိရင်လည်းလူတွေအများကြီးပဲ…အသေခံတိုက်ပြီးလက်နက်တွေရအောင်ယူကြ။ပြီးရင်အဲ ဒီလက်နက်တွေနဲ့အသေခံတိုက်ပြီးနယ်မြေရအောင်အသေခံတိုက်ကြမယ်လို့စည်းရုံးနေတာပါ။” လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုတုပါလောင်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားထောင်ပေါင်းများဟာအကြမ်းဖက်မှုတွေကျူးလွန်နေကြပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရဟာ အကြမ်းဖက်သမား​တွေကို ဖမ်းဆီးအရေးယူတာတွေမပြုလုပ်ဘူးလို့ ရိုဟင်ဂျာဒုက္ခ သည်တွေက ဆိုကြပါတယ်။

အဲဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဒုက္ခ သည်စခန်းတွေရှိရိုဟင်ဂျာအမည်ခံလ က်နက်ကိုင်အကြမ်းဖက်သမားထောင်ပေါင်းများစွာကို ဘင်္ဂလားဒေ့ရှ်အစိုးရဖမ်းဆီးအရေးယူသင့်သလို ဒုက္ခသည်စခန်းတွေမှာအကြမ်းဖက်နှိမ်နင်းရေးတွေဆောင်ရွက်သင့်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက တောင်းဆိုနေကြပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ ဒုက္ခသည်စခန်းတွေက အသက်မပြည့်သေးတဲ့ကလေးတွေကိုလည်း အတင်းအဓမ္မခေါ်
ဆောင်ပြီးအကြမ်းဖက်မှုတွေကျူးလွန်ဖို့စေခိုင်းနေသလို အတင်းအဓမ္မလူသစ်စုဆောင်တာတွေကျူးလွန်နေကြပေမယ့် ရိုဟင်ဂျာလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူအမည်ခံတွေ ဝေဖန်ပြောဆိုတားမြစ်ကြတာတွေမရှိကြဘူးလို့ဒုက္ခသည်တွေက ထောက်ပြကြပါတယ်။

“ဒီလ်မာမောက်ကို ဘင်္ဂလားထောက်လှ မ်းရေးတွေကစခန်းထဲမှာစိတ်ကြိုက်လှု ပ်ရှားခွင့်ပေးထားပါတယ်။နော်ဘိရ်ဟူဆောင်ကိုလည်းစိတ်ကြိုက်လူသစ်စုဆောင်းနေပါတယ်။စခန်းထဲကရော့၊ပြည်ပရောက်လူ့အခွင့်အရေးအမည်ခံရိုဟင်ဂျာတွေက ဘာမှမပြောကြပါဘူး။သူတို့ကိုယ့်တိုင်ဒုက္ခသည်တွေကိုအသေခံတိုက်ခိုင်းနေတာပါ။” လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အူခီးယာဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာဒုက္ခသည်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေးတွေ၊ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တွေက အကူအညီအ ကာအကွယ်ပေးထားသလို အာဏာသိမ်းမြန်မာစစ်တပ်ကလည်း လက်နက်တွေ၊မူးယစ်းဆေးဝါးတွေ ထောက်ပံ့ပေးထားတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခ-ဘင်္ဂလားဒေ့ရှ်န ယ်စပ်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခြေကုပ်ယူပြီးနယ် စပ်ဖြတ်ကျော်အကြမ်းဖက်တိုက်ခိုက်မှုတွေကျူးလွန်နေကြတာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ဆိုကြပါတယ်။

အဲဒီအပြင် ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ ဒုက္ခသည်အမျိုးသမီးတွေကို အတင်းအဓမ္မပြန်ပေးဆွဲမဒိန်းကျင့်တာတွေ၊ အတင်းအဓမ္မပြန်ပေးဆွဲငွေညှစ်တာတွေ၊ လူကုန်ကူးတာတွေ၊ မူးယစ်ဆေးဝါးကုန်ကူးတာတွေကျူးလွန်နေကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။

ဒါပေမယ့် ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအခြေချအကြမ်းဖက်မှုတွေကျူးလွ န်ခွင့်ပြုထားသလို စစ်သင်တန်းပေးတာတွေ၊လက်နက်၊ရိက္ခာ၊ဆေးဝါးကုသပေးတာတွေအပါအဝင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလည်း တောင်းခံပေးထားတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ထောက်ပြကြပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ ၂၀၁၇ ခုနှစ်ကလည်း မောင်တောဒေသမှာ လူလှိုင်းစစ်ဆင်ရေးကိုအသုံးပြုပြီးအကြမ်းဖ က်တိုက်ခိုက်မှုတွေကျူးလွန်ခဲ့ကြသလိုနောက်ထပ်အကြမ်းဖက်မှုတွေကျူးလွန်ဖို့လူအင်အားသောင်းနဲ့ချီစည်းရုံးစု ဆောင်းထားကြတာမို့ အာရက္ခပြည်သူ
တွေ၊အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေအထူးသတိထားပြင်ဆင်ထားသင့်တယ်လို့ ဆိုကြပါတယ်။

“ICJ ဆုံးဖြတ်ချက်မှာရိုဟင်ဂျာတွေအ​ခြေအနေမကောင်းရင် အရင်လိုပြန်အ ကြမ်းဖက်ကြမှာပါပဲ။ULA/AA ကိုလ ည်း မြန်မာစစ်တပ်လို့နိုင်ငံတကာအမြင်မှာလူမိုက်တွေအဖြစ်ပုံဖော်နေကြတာပါ။နိုင်ငံတကာရောက်နေကြတဲ့လူ့အခွင့်အရေးအမည်ခံရိုဟင်ဂျာအကြမ်းဖ က်အားပေးတွေလည်းပါပါတယ်။အဲဒါကြောင့် ULA/AA လည်းသတိထားကိုင်တွင်သင့်ပါတယ်။နိုင်ငံတကာအသိုင်း အဝိုင်းကလည်းလူ့အခွင့်အရေးအရေခြုံအကြမ်းဖက်သမားတွေကို သတိထားသင့်ပါတယ်။” လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၊UN ဝန်ထမ်းတဦးက Border News Agency ကို ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်အမည်ခံပြီးနိုင်ငံတ ကာရောက်သွားကြတဲ့လူ့အခွင့်အရေးလှုပ်ရှားသူအမည်ခံအကြမ်းဖက်အား ပေးတွေဟာ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းကို လူ့အခွင့်အရေးမျက်နှာဖုံးတပ်ချဥ်ကပ်ပြီးနယ်မြေအရှောင်ရဖို့ကြိုးစားနေကြတယ်လို့ ရိုဟင်ဂျာအရေးစောင့်ကြည့်လေ့လာနေကြသူတွေက ဆိုကြပါတယ်။

အဲဒီလူ့အခွင့်အရေးလှုပ်ရှားသူအမည်ခံအကြမ်းဖက်အားပေးတွေဟာ သမိုင်းမှားတွေ၊သတင်းတု၊သတင်းမှားတွေ၊ လိမ်ညှာဝါဒဖြန့်တာတွေကိုအသုံးပြုပြီးမြန်မာ့မြေကိုဖဲ့ထုတ်ယူဖို့နည်းလမ်းပေါင်းစုံကြိုးစားနေကြသလိုရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကိုလည်း ထောက်ပံ့ကူညီပေးနေကြတယ်လို့ ရိုဟင်ဂျာအရေးစောင့်ကြည့်လေ့လာနေကြသူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် လူ့အခွင့်အရေးလှုပ်ရှားသူအမည်ခံအကြမ်းဖက်အားပေးတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NU G)၊နွေဦးတော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေ၊လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ၊ မြန်မာပြည်သူတွေသတိထားစောင့်ကြည့်ဆင်ခြင်ဆက်ဆံသင့်တယ်လို့ ရိုဟင်ဂျာအရေးစောင့်ကြည့်လေ့လာနေကြသူတွေက သတိပေးကြပါတယ်။

PrevPreviousအလင်းဝင်လာတဲ့စစ်ကော်မရှင်တပ်ဖွဲတဦးကိုသိန်းသုံးဆယ်ဂုဏ်ပြု
Nextလာမယ့်မတ်လမှာ စစ်ကော်မရှင်လွှတ် တော်ခေါ်မယ်Next
Previous Post

အလင်းဝင်လာတဲ့စစ်ကော်မရှင်တပ်ဖွဲတဦးကိုသိန်းသုံးဆယ်ဂုဏ်ပြု

Next Post

လာမယ့်မတ်လမှာ စစ်ကော်မရှင်လွှတ် တော်ခေါ်မယ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

(ဓာတ်ပုံ - ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ / လူမှုကွန်ရက်)

အကြမ်းဖက်သမားတွေ လူလှိုင်းစစ်ဆင်ရေးကို ပြန်အသုံးပြုနေ

January 12, 2026

လာမယ့်မတ်လမှာ စစ်ကော်မရှင်လွှတ် တော်ခေါ်မယ်

January 12, 2026
ဓာတ်ပုံ - ဖီးနစ် - အထူးစစ်ဆင်ရေးတပ်ဖွဲ့

အလင်းဝင်လာတဲ့စစ်ကော်မရှင်တပ်ဖွဲတဦးကိုသိန်းသုံးဆယ်ဂုဏ်ပြု

January 12, 2026

အာရက္ခတပ်တော်အကြမ်းဖက်နှိမ်နင်းရေးကြောင့် အကြမ်းဖက်သမားတရာကျော်သေ

January 12, 2026

အကြမ်းဖက်သမားတွေ လူလှိုင်းစစ်ဆင်ရေးကို ပြန်အသုံးပြုနေ

လာမယ့်မတ်လမှာ စစ်ကော်မရှင်လွှတ် တော်ခေါ်မယ်

အကြမ်းဖက်သမားတွေ လူလှိုင်းစစ်ဆင်ရေးကို ပြန်အသုံးပြုနေ

အလင်းဝင်လာတဲ့စစ်ကော်မရှင်တပ်ဖွဲတဦးကိုသိန်းသုံးဆယ်ဂုဏ်ပြု

အာရက္ခတပ်တော်အကြမ်းဖက်နှိမ်နင်းရေးကြောင့် အကြမ်းဖက်သမားတရာကျော်သေ

တနှစ်အတွင်းကျပ်ထောင့်ခုနှစ်ရာဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိ

Releated Post

(ဓာတ်ပုံ - ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ / လူမှုကွန်ရက်)

အကြမ်းဖက်သမားတွေ လူလှိုင်းစစ်ဆင်ရေးကို ပြန်အသုံးပြုနေ

January 12, 2026

လာမယ့်မတ်လမှာ စစ်ကော်မရှင်လွှတ် တော်ခေါ်မယ်

January 12, 2026

အကြမ်းဖက်သမားတွေ လူလှိုင်းစစ်ဆင်ရေးကို ပြန်အသုံးပြုနေ

January 12, 2026
ဓာတ်ပုံ - ဖီးနစ် - အထူးစစ်ဆင်ရေးတပ်ဖွဲ့

အလင်းဝင်လာတဲ့စစ်ကော်မရှင်တပ်ဖွဲတဦးကိုသိန်းသုံးဆယ်ဂုဏ်ပြု

January 12, 2026

အာရက္ခတပ်တော်အကြမ်းဖက်နှိမ်နင်းရေးကြောင့် အကြမ်းဖက်သမားတရာကျော်သေ

January 12, 2026

တနှစ်အတွင်းကျပ်ထောင့်ခုနှစ်ရာဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိ

January 11, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page