Border News Agency
မောင်တော၊ ဇန်နဝါရီ ၁၃။
အာရက္ခ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်လုံခြုံရေးအတွက် ဇန်နဝါရီလ ၁၃ ရက်၊ဒီနေ့၊နှစ်နိုင်ငံနယ်စပ်၊တက္ကနာ့ဖ်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အာရက္ခအစိုးရတွေ့ ဆုံဆွေး နွေးခဲ့ကြတယ်လို့ နှစ်နိုင်ငံသတင်းရင်းမြစ်တွေကအတည်ပြုပြောကြပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာဘင်္ဂလားဒေ့ရှ်အစိုးရဘက်မှနယ်ခြားစောင့်တပ်အရာ ရှိအဆင့်တွေတက်ရောက်ခဲ့ကြသလိုအာရက္ခအစိုးရမှလည်းအာရက္ခတပ်တော်အရာရှိတွေ၊တာဝန်ရှိသူတွေတက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုကြပါတယ်။
အဲဒီအာရက္ခ-ဘင်္ဂလားနယ်စပ်မှာနယ်စ ပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေကျူး လွန်နေကြတဲ့ ရိုဟင်ဂျာအမည်ခံလက် နက်ကိုင်အကြမ်းဖက်သမားတွေအရေး၊နှစ်နိုင်ငံပြည်သူတွေ ဘေးကင်းလုံခြုံရေး၊နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေထိခိုက်ဒဏ်ရာရနေကြသလိုမလုံခြုံမှုတွေကို ခံစားနေကြရတာမို့ ဆန္ဒပြတောင်းဆိုတာတွေပြုလုပ်နေကြပါတယ်။
အဲဒါကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရတာ ဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးဖို့ကမ်းလှ မ်းစီစဥ်တာဖြစ်ပြီး နယ်စပ်ပစ်ခတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၊အမျိုးသမီးငယ်ထိခိုက်ဒဏ်ရာရသွားတဲ့ကိစ္စလည်းပါဝင်တယ်လို့ သတင်းရ င်းမြစ်တွေက ဆိုကြပါတယ်။
“ကလေးသေဆုံးသွားတယ်လို့ ကောလဟာလသတင်းတွေ အွန်လိိုင်းမှာ မှားယွင်းစွာပျံနှံသွားတယ်။အမှန်က ကလေးကစစ်တကောင်းဆေးကောလိ ပ်ဆေးရုံကို ပို့ဆောင်ထားခဲ့ကြတာဖြစ်နေတယ်။အဲဒါကြောင်း ဘင်္ဂလားအာ ဏာပိုင်တွေနဲ့ AAအရာရှိတွေ ဒီနေ့ တက္ကနာ့ဖ်မှ တွေ့ဆုံမူပြုလုပ်ခဲ့ကြတယ်။” လို့သတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီအာရက္ခ-ဘင်္ဂလားနယ်စပ်မှာ ဇန်န ဝါရီလ ၁၁ ရက်နေ့က ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမား တွေဟာ နယ်စပ်ဖြတ်ကျော်အကြမ်းဖ က်မှုတွေကျူးလွန်လာတာကို အာရက္ခတပ်တော်ကအကြမ်းဖက်နှိမ်နင်းရေးတွေပြုလုပ်ခဲ့ပါတယ်။
အဲဒါကြောင့်ရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားတရာကျော်သေဆုံးပြီးနှစ်ရာကျော်ဒဏ်ရာရသွားကြသလိုအကြ မ်းဖက်သမားတွေပစ်ခတ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၊မိန်းကလေးငယ်တဦးလည်းဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအထဲကရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားငါးဆယ်သုံးဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရဖမ်းဆီးထိန်းသိမ်းထားပေမယ့်နောက်ထပ်ဖမ်းဆီးအရေးယူရမယ့်အကြမ်းဖက်သမားထောင်ပေါင်းများစွာကျန်နေသေးတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ဆိုကြပါတယ်။






