Border News Agency
သည်ဟိဂ်၊ ဇန်နဝါရီ ၁၄။
မြန်မာစစ်တပ်ဟာရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးသတ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်လို့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နယ်သာလန်နိုင်ငံ၊သည်ဟိဂ်မြို့ရှိအပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ တရားစွဲဆိုထားပါတယ်။
အဲဒီအမှုအတွက်ကြားနာပွဲကို ဇန်နဝါရီ လ ၁၂ ရက်နေ့စတင်ပြုလုပ်နေပြီးဂမ်ဘီယာနိုင်ငံကတင်ပြချက်တွေပြုလုပ်နေသလို မြန်မာနိုင်ငံမှပြန်လည်ခုခံချေပချက်တွေကို လာမယ့်ဇန်နဝါရီလ ၁၅ ရက်နေ့မှာ တင်ပြမှာဖြစ်ပါတယ်။
အဲဒီကြားနာပွဲသို့ အာဏာသိမ်းစစ်တပ်ရဲ့သမ္မတရုံးဝန်ကြီးဌာန ၂ ဝန်ကြီးဦးကိုကိုလှိုင်၊ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးဦးဆောင်တက်ရောက်နေပါတယ်။
အဲဒီအမှုအဆုံးအဖြတ်အတွက်အရေးအကြီးဆုံးဖြစ်တဲ့”အနှစ်သာရပိုင်း”ကို စတင်ကိုင်တွယ်နေပြီး လူမျိုးတုံးသတ် ဖြတ်မှုတားဆီးရေးနဲ့ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်တွေအပေါ် အခြေခံစစ်ဆေးသွားမယ်လို့ အ ပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ရဲ့တညရားသူကြီးယူဂျီအီဝါဆာဝါက ဆိုပါတယ်။
အဲဒီကြားနာပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့မှဇန်နဝါရီလ ၂၉ ရက်နေ့ထိပြုလုပ်မှာဖြစ်ပြီးနှစ်ဘက်လူသက်သေတွေကိုသီးသန့်တံခါးပိတ်မေးမြန်တာတွေလ ည်းပါဝင်ပါမယ်။
မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေကျူးလွန်ခဲ့သလို သက်သေဖျောက်ဖျက်မှုတွေလ ည်းကျူးလွန်ခဲ့တယ်လို့ဇန်နဝါရီလ ၁၂ ရက်၊မနေ့က နယ်သာလန်နိုင်ငံ၊သည်ဟိဂ်မြို့ရှိအပြည်ပြည်ဆိုင်ရာတရားရုံး(I CJ)မှာ ဂမ်ဘီယာရှေ့နေတွေထွက်ဆိုခဲ့ကြပါတယ်။
မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာကျေးရွာ တွေကို စနစ်တကျဖျက်ဆီးခဲ့တာတွေကို ဂြိုဟ်တုဓာတ်ပုံသက်သေတွေပြပြီးဂမ်ဘီယာနိုင်ငံရဲ့ရှေ့နေက တင်ပြခဲ့ပါတယ်။
အဲဒီမောင်တောဒေသမှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နောက်ပိုင်း ရိုဟင်ဂျာကျေးရွာပေါင်း ၃၉၀ ကျော် မီးလော င်ဖျက်စီးခံခဲ့ရတယ်လို့လည်း ဂမ်ဘီ ယာနိုင်ငံက တင်ပြခဲ့ပါတယ်။
အဲဒီကျေးရွာတွေကို ဖျက်စီးခဲ့ကြသလိုမြေတူးစက်တွေအသုံးပြုပြီးအဆော က်အအုံဟောင်းတွေကိုလည်းဖယ်ရှားခဲ့တယ်လို့ ဂြိုဟ်တုဓာတ်ပုံတွေကိုကိုးကားထွက်ဆိုခဲ့ပါတယ်။
အဲဒီလိုလုပ်ဆောင်ခဲ့တာဟာကျူးလွန်မှုတွေ၊ရာဇဝတ်မှုအထောက်အထားတွေကို တမင်တကာဖျောက်ဖျက်တာဖြစ်တယ်လို့လည်း ဂမ်ဘီယာကထောက်ပြခဲ့ပါတယ်။






