Border News Agency
စစ်ကိုင်း၊ ဇန်နဝါရီ ၁၅။
စစ်ကိုင်းတိုင်း၊မော်လိုက်မြို့နယ်မှာ မဲရုံစောင့်နေတဲ့ စစ်မှုထမ်းတပ်သားသစ်သုံး ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဇန်နဝါရီ ၁၃ ရက်နေ့က အလင်းဝင်လာတယ်လို့ မော်လိုက်ခရိုင်အမှတ် ၄ တပ်ရင်းမှထုတ်ပြန်ထားပါတယ်။
အဲဒီမော်လိုက်မြို့နယ်၊ မိုးကောင်းကျေးရွာ ဘုန်းကြီးကျောင်းမှာ ဖွင့်လှစ်ထားတဲ့ မဲရုံမှာ တာဝန်ကျနေတုန်း သေနတ်သုံးလက်၊ ခဲယမ်းတွေနဲ့ အတူ အလင်းဝင်လာတယ်လိုဆိုပါတယ်။
အဲဒီအလင်းဝင်လာသူတွေဟာ စစ်ကော်မရှင်ရဲ့ အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူတွေဖြစ်ပြီး ပြည်သူ့ရင်ခွင်အဖွဲ့နဲ့ ချိတ်ဆက်ကာ ခိုလှုံလာတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ပြုလုပ်နေတဲ့ ရွေးကောက်ပွဲအတွက် မဲရုံလုံခြုံရေး တာဝန်ပေးခံထားရတဲ့ တပ်သားသစ်တွေကြားမှာ ခုလိုလက်နက်နဲ့တကွ ပြည်သူ့ဘက် ကူးပြောင်းလာမှုတွေ ရှိနေတယ်လို့လည်းဆိုပါတယ်။






