Border News Agency
ဂွ၊ ဇန်နဝါရီ ၁၅။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်မှာ ကျောင်းသားတဦးသတ်ဖြတ်ခံခဲ့ရပါတယ်။
အဲဒီဂွမြို့နယ်၊ ကိုင်းတောကွင်းရွာ ကမ်းစပ်နားမှာ ဓားဒဏ်ရာငါးချက်နဲ့ သတ်ဖြတ်ခံထားရတဲ့ ကျောင်းသားတဦးရဲ့ရုပ်အလောင်းကို ဇန်နဝါရီလ ၁၀ ရက်နေ့က ရွာသားတွေတွေ့ခဲ့တယ်လို့ ဆိုကြပါတယ်။
အဲဒီအသတ်ခံရသူဟာ သံတွဲမြို့နယ်၊ ညောင်ပင်ကွင်းရွာက အသက်ဆယ့်ငါးနှစ်အရွယ် မောင်လင်းမြတ်အောင်ဖြစ်ပြီးသူ့ရဲ့လည်ပင်း၊ ရင်အုံနဲ့ ဝမ်းဗိုက်တို့မှာပြင်းထန်တဲ့ ဓားဒဏ်ရာတွေ တွေ့ခဲ့ရတယ်လို့ ရွာသားတွေကဆိုကြပါတယ်။
အဲဒီနေရာကိုအုပ်ချုပ်ရေးအဖွဲ့နဲ့ရဲတပ် ဖွဲ့ဝင်တွေသွားရောက်စစ်ဆေးခဲ့ကြပေမယ့် ကျူးလွန်သူတရားခံကို မဖမ်းမိသေးဘူးလို့ ရွာသားတွေကဆိုကြပါတယ်။
အဲဒီအပြင်တောင်ကုတ်မြို့မှာလည်း ဇန်နဝါရီလ ၁၃ ရက်နေ့က လူသတ်မှုတခုဖြစ်ပွားခဲ့သလို ပြီးခဲ့တဲ့ဒီဇင်ဘာလကလည်း မြောက်ဦးမှာလူသတ်လုယက်မှုတခုဖြစ်ခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ လူသတ်လုယက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာမို့ ဒေသခံတွေလုံခြုံရေးစိုးရိမ်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီတောင်ကုတ်၊ မြောက်ဦးမြို့တွေမှာလည်းလူသတ်လုယက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာကြောင့် ဒေသခံတွေကြားမှာလုံခြုံရေးအတွက် စိုးရိမ်မှုတွေ မြင့်တက်နေသလို အာရက္ခပြည်သူ့အစိုးရရဲ့ တရားဥပဒေစိုးမိုးရေး အားနည်းနေတဲ့အပေါ်မှာလည်း ဝေဖန်မှုတွေရှိနေကြပါတယ်။






