Border News Agency
နယ်သာလန်၊ ဇန်နဝါရီ ၁၇။
ရခိုင်မြောက်ပိုင်းမှာ လုပ်ခဲ့တဲ့နယ်မြေရှင်းလင်းရေး ဆိုတာဟာ တကယ်တော့ အကြမ်းဖက်မှုကိုနှိမ်နင်းတဲ့စစ်ဘက်ဆိုင်ရာ အသုံးအနှုန်းတစ်ခုပဲဖြစ်တယ်လို့ ဝန်ကြီးဦးကိုကိုလှိုင်က ICJ ကြားနာပွဲမှာ ပြန်လည်ချေပခဲ့ပါတယ်။
အဲဒီ၂၀၁၆ နဲ့ ၂၀၁၇ တုန်းကလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေဟာ ARSA အကြမ်းဖက်အဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် ပြန်ပြီးတုံ့ပြန်ခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒါဟာ ကမ္ဘာတစ်ဝှမ်းမှာလည်း သောင်းကျန်းမှုနှိမ်နင်းတဲ့အခါ သုံးနေကျ ပုံစံမျိုးပဲလို့ ဆိုပါတယ်။
ဒါပေမယ့် ဂမ်ဘီယာဘက်ကတော့ ARSA ရဲ့ လုပ်ရပ်တွေကိုသိနေပေမယ့် အစိုးရရဲ့တုံ့ပြန်မှုတွေကိုပဲအပြစ်ရှာပြီး အင်အားအလွန်အကျွံ သုံးတယ်လို့ ပြောချင်နေတာပါလို့ ဦးကိုကိုလှိုင်ကက ထောက်ပြလိုက်ပါတယ်။
နောက်ပြီး တကယ်လို့တုံ့ပြန်တဲ့နေရာမှာ အင်အားအလွန်အကျွံ သုံးခဲ့တာမျိုး ရှိခဲ့ရင်တောင် ဒါဟာလူမျိုးတစုလုံးကို ဖျက်ဆီးပစ်ချင်တဲ့စိတ် (Genocidal Intent) နဲ့ လုပ်ခဲ့တာမဟုတ်တာကြောင့်လူမျိုးသုဉ်းစေမှုလို့ ပြောလို့မရဘူးလို့ မြန်မာဘက်က အခိုင်အမာချေပခဲ့ပါတယ်။
ဂမ်ဘီယာဟာ တိကျတဲ့အချက်အလက်တွေထက်စိတ်လှုပ်ရှားစရာစကားလုံးတွေကို သုံးပြီးတရားရုံးကို ဆုံးဖြတ်ချက်ချခိုင်းဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။






