Border News Agency
နေပြည်တော်၊ ဇန်နဝါရီ ၁၇။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို နိုင်ငံရေးအရကြွားဝါဖို့ ဒါမှမဟုတ် နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက်အသုံးချတာဟာ တရားရုံးရဲ့တာဝန်ကိုအထင်သေးရာရောက်တယ်လို့ စစ်ကော်မရှင်က သတိပေးလိုက်ပါတယ်။
အဲဒီစာချုပ်တွေရဲ့အနှစ်သာရထက် နိုင်ငံရေးအကျိုးအမြတ်ကိုပဲရှေ့တန်းတင်တာဟာ တရားရုံးရဲ့နိုင်ငံအချင်းချင်း ပဋိပက္ခဖြေရှင်းပေးရမယ့်အခန်းကဏ္ဍကို အလေးမထားတာပဲလို့ ဆိုပါတယ်။
အဲဒီအပြင် တရားရုံးအနေနဲ့ သက်သေတွေကိုကြည့်တဲ့အခါမှာလည်း FFM နဲ့ IIMM လိုမျိုး ဘက်လိုက်မှုရှိတဲ့ အဖွဲ့အစည်းတွေရဲ့အစီရင်ခံစာတွေကို မကိုးကားဖို့ မြန်မာဘက်ကတင်ပြခဲ့ပါတယ်။
အဲဒီဂမ်ဘီယာဘက်က တင်ပြတဲ့အချက်အလက်တွေဟာ တိကျမှုနဲ့ယုံကြည်စိတ်ချရမှုမရှိတာကြောင့် တရားသူကြီးတွေရဲ့ ဆင်ဖြတ်တုံတရားနဲ့ပဲ သေချာတွက်ဆပြီးဆုံးဖြတ်စေချင်တယ်လို့လည်း ဆိုပါတယ်။
အမှုစီရင်တဲ့အခါမှာလည်း အရင်ကစီရင်ထုံးတွေဖြစ်တဲ့ ဘော့စနီးယားနဲ့ ခရိုအေးရှားအမှုတွေတုန်းကလိုပဲ ဥပဒေစည်းမျဉ်းတွေအတိုင်း တိတိကျကျသုံးသပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အဲဒါကြောင့် တရားရုံးအနေနဲ့ လွတ်လပ်မျှတစွာဆောင်ရွက်မယ်လို့ ယုံကြည်တယ်လို့ဆိုပါတယ်။






