Border News Agency
နေပြည်တော်၊ ဇန်နဝါရီ ၁၈။
မြန်မာ – အိန္ဒိယ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ဖို့ နေပြည်တော်မှာဆွေးနွေးခဲ့ကြတယ်လို့ စစ်ကော်မရှင်က ဇန်နဝါရီလ ၁၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ၇၈ နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက် ညပိုင်းက နေပြည်တော်ရှိ Park Royal ဟိုတယ်မှာကျင်းပခဲ့ရာ စစ်ကော်မရှင်ရဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ အိန္ဒိယသံအမတ်ကြီးတို့ တက်ရောက်ခဲ့ကြပါတယ်လို့ ဆိုပါတယ်။
အဲဒီ အခမ်းအနားမတိုင်ခင်ညနေပိုင်းမှာ ဗိုလ်ချုပ်ကြီးကျော်စွာလင်းဟာ အိန္ဒိယတပ်မတော်၊ အမှတ် ၃ တပ်မကြီးမှူး Lieutenant General AS Pendharkar ဦးဆောင်တဲ့အဖွဲ့နဲ့ သီးသန့်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတွေပိုမိုမြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်လို့ ဆိုပါတယ်။
အဲဒီအပြင်မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေမှာ အတူလက်တွဲဆောင်ရွက်သွားဖို့နဲ့ နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မာစေမယ့်ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆို
ပါတယ်။






