Border News Agency
မောင်တော၊ ဇန်နဝါရီ ၁၉။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကို ဘိလပ်မြေတွေနဲ့ဒီဇယ်ဆီတွေတင်သွင်းနေတဲ့ မွတ်ဆလင်ကုန်သည် ဆယ့်တဦးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်မှ ဖမ်းဆီးခဲ့တယ်လို့ ဇန်နဝါရီလ ၁၈ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီ နတ်မြစ်အတွင်းမှာ မွတ်ဆလင်တဆယ့်တဦးကို ဇန်နဝါရီလ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကုန်သည်ဆယ့်တဦးကို ဘိလပ်မြေအိတ်အများအပြားနဲ့အတူ စက်လှေတစီးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
အဲဒီအပြင် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကို တင်သွင်းနေတဲ့ဘိလပ်မြေတွေနဲ့ ဒီဇယ်ဆီတွေတင်သွင်းနေတဲ့ မွတ်ဆလင်ကုန်သည် ဆယ့်ရှစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။
အဲဒီကုန်သည်တွေကို စိန့်မာတင်ကျွန်းအနီး ပင်လယ်ပြင်မှာ ဇန်နဝါရီလ၂ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်မှ ဖမ်းဆီးခဲ့ပါတယ်။
အဲဒီ တရားမဝင်ကုန်ပစ္စည်းတွေကို မှောင်ခိုကူးမှုနဲ့ အရေးယူမှာဖြစ်သလို ဘင်္ဂလားဒေ့ရှ်မှတရားမဝင်ကုန်ပစ္စည်း ရောင်းချသူနေသူတွေကိုလည်း ဖမ်းဆီးသွားမယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စက်သုံးဆီတွေနဲ့ ဓာတ်မြေသြဇာတွေကို ပြည်ပသို့တင်ပို့ရောင်းချခွင့် တားမြစ်ကန့်သတ်ထားသလို အာရက္ခတပ်တော် (AA) နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား တရားဝင်ကုန်သည်မှုမရှိသေးပါဘူး။






