Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျမ်းမာရေး စစ်တွေခရိုင် စစ်တွေမြို့နယ် သတင်း အာရက္ခဒေသ

ပလ္လင်ပြင်ကျေးရွာမှ စစ်ဘေးရှောင်တဦး ဆေးကုသဖို့ အကူအညီလိုအပ်နေ

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
9
VIEWS
Share on FacebookShare on Twitter

Border News Agency
စစ်တွေ၊ ဇန်နဝါရီ ၂၅။

စစ်တွေမြို့နယ်၊ ပလ္လင်ပြင်ကျေးရွာကနေ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တဦးဟာ ဆိုင်ကယ်မတော်တဆမှုကြောင့် ရရှိထားတဲ့ဒဏ်ရာကို ဆေးကုသဖို့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

​အဲဒီစစ်ဘေးရှောင် ဦးမောင်တင်ဟာပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က စစ်ကော်မရှင်တပ်ရဲ့ အတင်းအဓမ္မ နှင်ထုတ်မှုကြောင့် မိသားစုဝင်တွေနဲ့အတူ အသက်ဘေးကလွတ်အောင် နည်းမျိုးစုံနဲ့ ထွက်ပြေးခဲ့ရသူဖြစ်ပါတယ်။

သူဟာ အငူမော်မှတဆင့် မဇဲကျွန်း၊ကံပြင်ကျေးရွာမှာခိုလှုံနေစဉ် စားဝတ်နေရေး အခက်အခဲကြောင့် အငူမော်ဘက်ကို ငါးဖမ်းဖို့အသွားဓာတ်ခဲဝယ်ရင်းဆိုင်ကယ်မတော်တဆဖြစ်ကာ ညာဘက်တင်ပါးမှာ ပြင်ထန်ဒဏ်ရာ ရရှိခဲ့တာပါ။

​”၂၀၂၄ ဇွန်လလောက်က စားဝတ်နေရေး ခက်ခဲလာတာနဲ့ အငူမော်ဘက်ကိုငါးသွားရှာတာပါ။လက်နှိပ်ဓာတ်မီးအတွက် ဓာတ်ခဲသွားဝယ်ချိန်ဆိုင်ကယ်မှောက်ပြီး ညာဘက်တင်ပါးမှာအပေါက်ကြီးလေးပေါက်ဖြစ်သွားတယ်။ဟိုနား၊ဒီနားဆေးကုပေမယ့်မသက်သာခဲ့ဘူး။အခုမောင်တောက သမီးဆီရောက်မှဆရာဝန်နဲ့သေသေချာချာ ပြရတယ်။ဒဏ်ရာကအထဲမှာ ပြည်တွေဂလုံစားနေပြီလို့ ပြောပါတယ်။ရှေ့ဆက် ဆေးကုဖို့ကတော့ပါလာတဲ့ ပိုက်ဆံတွေလည်း အကုန်ကုန်ပြီဆိုတော့ ရှာကြံပြီး ကုရမှာပါပဲ။” လို့ ဦးမောင်တင်က Border News Agency ကိုပြောပါတယ်။

ဦးမောင်တင်ဟာ မောင်တောမြို့နယ်၊ ကင်းချောင်းကျေးရွာရှိ သမီးဖြစ်သူထံမှာ မှီခိုနေထိုင်ရင်း ဆေးကုသမှု ခံယူနေရတာဖြစ်ပါတယ်။

အဲဒီဆေးကုသမှု ကုန်ကျစရိတ်တွေနဲ့ ပတ်သက်လို့လည်း အခက်အခဲတွေအများကြီးရှိနေတယ်လို့ဆိုပါတယ်။

​”ကျနော်ဖုန်းထဲမှာ မှတ်ထားတာတော့ အခု မောင်တောမှာကုနေတာတင်ကိုးသိန်းခုနှစ် သောင်းခွဲကုန်သွားပြီ။အရင်အငူမော်နဲ့ လောင်းချောင်းမှာကုခဲ့တာတွေတော့ မပါသေးဘူး။ဟိုတစ်နေ့ကပဲ ‘ဝင်း’ ဆေးခန်းမှာဓာတ်မှန်ရိုက်တာတင်တသိန်းခုနှစ် သောင်းကျော်ကုန်သွားတယ်။နောက်ထပ် နှစ်လလောက် ဆေးဆက်ကုရဦးမယ်လို့ ဆရာဝန်က ပြောထားတော့ အကူအညီတွေ တကယ်ကို လိုအပ်နေပါတယ်။” လို့ဆိုပါတယ်။

ကော်မရှင်တပ်ရဲ့အတင်းအဓမ္မ နှင်ထုတ်ခံခဲ့ရတာကြောင့် မိသားစုဝင်တွေနဲ့အတူ ပိုင်ဆိုင်သမျှ စွန့်ခွာကာ အသက်ဘေးကလွတ်အောင် ပြေးခဲ့ကြရတယ်လို့ဆိုပါတယ်။

စစ်ဘေးဒဏ်ကြောင့် အိုးအိမ်မဲ့ခဲ့ရတဲ့အပြင်ခုလို ကျန်းမာရေးပါထိခိုက်နေတာကြောင့် စားဝတ်နေရေးနဲ့ ဆေးကုသစရိတ်အတွက်အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

​ဦးမောင်တင်ရဲ့ မိသားစုဆီသို့ ဘယ်အဖွဲ့အစည်းကမှ ထောက်ပံ့ကူညီမှု မရောက်ရှိသေးဘဲ သမီးဖြစ်သူဆီမှာ မှီခိုနေထိုင်ရင်း နီးစပ်ရာ မိတ်ဆွေတွေရဲ့ အကူအညီတွေနဲ့သာ ခက်ခဲစွာရုန်းကန်နေရတယ်လို့ဆိုပါတယ်။

အဲဒါကြောင့် ဒီအနာကိုကုသဖို့ ဦးမောင်တင်ရော၊ မိသားစုတွေကပါ အကူအညီတွေပေးကြဖို့ တောင်းဆိုနေကြပါတယ်။

PrevPreviousICJရစ်သမ်နှင့် အက်ကြားအိုဟာမိုနီများ – ၂
Nextချင်းမိုင်မှာနေအိမ်မီးလောင်ရာမှကားခြောက်စီးမီးလောင်ပျက်စီးNext
Previous Post

ICJရစ်သမ်နှင့် အက်ကြားအိုဟာမိုနီများ – ၂

Next Post

ချင်းမိုင်မှာနေအိမ်မီးလောင်ရာမှကားခြောက်စီးမီးလောင်ပျက်စီး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo - Mamata Banerjee

ကတ္တားတားမြို့မှာ ဓာတ်ငွေ့စျေးနှုန်းကြီးမြင့်မှုကို လူထုစီတန်းလှည့်လည်ပွဲနဲ့ကန့်ကွက်

March 17, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဆီသိုလှောင်ကန်တွေဒရုန်းတွေနဲ့တိုက်ခိုက်ခံရ

March 17, 2026

​MNDAA နဲ့ TNLA အကြားပစ်ခတ်မှုဖြစ်နေတာကိုရပ်ဖို့ SRA တိုက်တွန်း

March 17, 2026

​အီရန်ရဲ့ ဒရုန်းနဲ့ မစ်ဆိုင်းဒုံး ၂၀ ကျော်ကို ယူအေအီး ကြားဖြတ်ဖျက်ဆီး

March 17, 2026

ကတ္တားတားမြို့မှာ ဓာတ်ငွေ့စျေးနှုန်းကြီးမြင့်မှုကို လူထုစီတန်းလှည့်လည်ပွဲနဲ့ကန့်ကွက်

​ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဆီသိုလှောင်ကန်တွေဒရုန်းတွေနဲ့တိုက်ခိုက်ခံရ

​MNDAA နဲ့ TNLA အကြားပစ်ခတ်မှုဖြစ်နေတာကိုရပ်ဖို့ SRA တိုက်တွန်း

​အီရန်ရဲ့ ဒရုန်းနဲ့ မစ်ဆိုင်းဒုံး ၂၀ ကျော်ကို ယူအေအီး ကြားဖြတ်ဖျက်ဆီး

မောင်တောမြို့နယ် ကညင်ချောင်းမှာလူတဦးရေနစ်သေဆုံး

မောင်တောမြို့ကို စစ်ကော်မရှင်တပ်လေကြောင်းကင်းထောက်နေ

Releated Post

Photo - Mamata Banerjee

ကတ္တားတားမြို့မှာ ဓာတ်ငွေ့စျေးနှုန်းကြီးမြင့်မှုကို လူထုစီတန်းလှည့်လည်ပွဲနဲ့ကန့်ကွက်

March 17, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဆီသိုလှောင်ကန်တွေဒရုန်းတွေနဲ့တိုက်ခိုက်ခံရ

March 17, 2026

​MNDAA နဲ့ TNLA အကြားပစ်ခတ်မှုဖြစ်နေတာကိုရပ်ဖို့ SRA တိုက်တွန်း

March 17, 2026

​အီရန်ရဲ့ ဒရုန်းနဲ့ မစ်ဆိုင်းဒုံး ၂၀ ကျော်ကို ယူအေအီး ကြားဖြတ်ဖျက်ဆီး

March 17, 2026

မောင်တောမြို့နယ် ကညင်ချောင်းမှာလူတဦးရေနစ်သေဆုံး

March 16, 2026

မောင်တောမြို့ကို စစ်ကော်မရှင်တပ်လေကြောင်းကင်းထောက်နေ

March 16, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page