Border News Agency
စစ်ကိုင်း၊ ဇန်နဝါရီ ၃၁။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သားပြည်သူခုနှစ်ဦးသေဆုံးသွားတယ်လို့သိရပါတယ်။
အဲဒီအင်းတော်မြို့နယ်၊ မော်လူးဒေသ၊ လေဘိုရွာကို စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိပဲ လေကြောင်းမှ ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာကြောင့်သုံးနှစ်အရွယ်ကလေးငယ်တဦးအပါအဝင် မိသားစုဝင်ခုနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီ လေဘိုရွာကိုဇန်နဝါရီလ ၂၉ ရက်၊ မနက် ၁၀ နာရီခွဲအချိန်ခန့် စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပေမယ့် လူထိခိုက်တာမရှိခဲ့ဘူးလို့ ဆိုကြပါတယ်။
ဒါပေမယ့် အဲဒီနေ့ ညနေပိုင်းမှာ ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တအိမ်မှမိသားစုလိုက် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ရွာသားတွေကဆိုကြပါတယ်။
အဲဒီဒီတိုက်ခိုက်မှုအတွင်း နေအိမ်တွေလည်း ပြိုကျပျက်စီးခဲ့ရသလို နောက်ထပ်ရွာသားနှစ် ဦးလည်း ဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအင်းတော်မြို့နယ်အတွင်းမှာ အခုလို တိုက်ပွဲမရှိဘဲ အရပ်သားတွေကို ရွယ်ရည်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုကျူးလွန်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။









