Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ပညာရေး သတင်း

​ထိုင်းရောက်မြန်မာကလေးတွေကို G-Code နဲ့ကျောင်းတက်ခွင့်ပြုဖို့ ထိုင်းအစိုးရအတည်ပြု

Photo - BNA

Photo - BNA

Author picture

By

Shin Myat Phyu
Reading Time: 1 min read
0
A A
0
SHARES
16
VIEWS
Share on FacebookShare on Twitter

Border News Agency
​မဲဆောက်၊ ဇန်နဝါရီ ၃၁ ။

​ထိုင်းနိုင်ငံမှာရောက်ရှိနေထိုင်ကြတဲ့ မြန်မာရွှေ့ပြောင်းအခြေချသူတွေနဲ့ အထောက်အထားမဲ့ကလေးငယ်တွေအားလုံး ခွဲခြားမှုမရှိဘဲ ပညာသင်ကြားခွင့်ရရှိစေဖို့အတွက် ဥပဒေပြင်ဆင်ချက်ကို ထိုင်းအစိုးရပြန်တမ်း (Royal Gazette) ကနေ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

အဲ​ဒီပညာရေးဥပဒေသစ်အရ ထိုင်းနိုင်ငံထဲမှာရှိတဲ့ ကလေးငယ်မှန်သမျှဟာ အိမ်ထောင်စုစာရင်း၊ မွေးစာရင်း ဒါမှမဟုတ် တရားဝင်ဗီဇာ အထောက်အထားတွေ မရှိရင်တောင်မှ ကျောင်းအပ်နှံခွင့် ရှိမှာဖြစ်ပါတယ်။

အဲဒီလို ​ကျောင်းအပ်နှံတဲ့အချိန်မှာ ထိုင်းမှတ်ပုံတင်နံပါတ် ၁၃ လုံးမရှိတဲ့ ကလေးတွေအတွက် သက်ဆိုင်ရာကျောင်းကနေ G – Code လို့ခေါ်တဲ့ (ရှေ့မှာ G အက္ခရာပါဝင်တဲ့ ဂဏန်း ၁၃ လုံးပါ) ကိုယ်ပိုင်နံပါတ်ကို ထုတ်ပေးရမှာဖြစ်ပါတယ်။

​ထိုင်းနိုင်ငံမှာနေထိုင်သူဘယ်သူမဆို နယ်မြေဒေသ ဒါမှမဟုတ် လူမျိုးခွဲခြားမှုမရှိဘဲ အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်းနဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းကျောင်းတွေမှာ တန်းတူညီမျှပညာသင်ကြားခွင့် ရရမယ်လို့ဆိုပါတယ်။

​အဲဒီအပြင် စာသင်ကျောင်းတွေအနေနဲ့ အထောက်အထားမရှိတာကို အကြောင်းပြပြီး ကျောင်းသားလက်ခံဖို့ ငြင်းပယ်တာမျိုးလုံးဝမပြုလုပ်ရဘူးလို့လည်း တားမြစ်ထားပါတယ်။

​ကျောင်းတွေအနေနဲ့ ဒီကလေးတွေကို တရားဝင်အထောက်အထား ရရှိစေဖို့အတွက် မိဘတွေနဲ့ပူးပေါင်းပြီး ဒေသအုပ်ချုပ်ရေးရုံးတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်။

အဲဒါကြောင့် တကယ်လို့တရားဝင်မှတ်ပုံတင်မရရှိသေးရင်လည်း ကျောင်းကပေးထားတဲ့ G – Code နဲ့ပဲ ပညာသင်နှစ်ပြီးဆုံးတဲ့အထိ ဆက်လက်သင်ကြားခွင့် ပြုရမှာဖြစ်ပါတယ်။

အဲဒီလို G – Code ထုတ်ပေးရတာဟာ “ဘယ်ကလေးမှ နောက်ကျကျန်ရစ်မှုမရှိစေရ (No Child Left Behind)” ဆိုတဲ့ မူဝါဒနဲ့အညီ ကမ္ဘာ့ကလေးသူငယ်အခွင့်အရေးကို လေးစားလိုက်နာဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

​ထိုင်းနိုင်ငံမှာကြီးပြင်းလာတဲ့ ဒီကလေးတွေကိုပညာတတ်မြောက်စေပြီး နောင်တချိန်မှာ နိုင်ငံအတွက်အကျိုးပြုတဲ့ လူသားအရင်းအမြစ်တွေဖြစ်လာစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ထိုင်းပညာရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒီဥပဒေဟာ စတင်အကျိုးသက်ရောက်မှုရှိနေပြီဖြစ်ပြီး လာမယ့်ပညာသင်နှစ်သစ်ကစလို့ ပညာရေးဝန်ကြီးဌာနအောက်ကကျောင်းအားလုံးမှာ အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

PrevPreviousအင်းတော်မှာ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခုနှစ်ဦးသေဆုံး
Nextပလက်ဝမှာစက်လှေချင်းတိုက်မိရာမှ မီးလောင်မှုဖြစ်ပွားလို့ အမျိုးသားတဦးဒဏ်ရာရNext
Previous Post

အင်းတော်မှာ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခုနှစ်ဦးသေဆုံး

Next Post

ပလက်ဝမှာစက်လှေချင်းတိုက်မိရာမှ မီးလောင်မှုဖြစ်ပွားလို့ အမျိုးသားတဦးဒဏ်ရာရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အီရန်ဒုံးကျည်ကြောင့် ဒူဘိုင်းလေဆိပ်ဝန်ထမ်း ၄ ဦး ဒဏ်ရာရ

March 1, 2026
Photo-KSA Expats

အစ္စရေးနိုင်ငံ၊တယ်အဗစ် (Tel Aviv) မြို့ရဲ့လက်ရှိအခြေအနေမြင်ကွင်း

March 1, 2026
Photo - KNU

​KNU ဥက္ကဋ္ဌ အမိန့်နဲ့ ခလယ်လွီထူထောင်မှ အကျဉ်းသား ၂၉ ဦး လွတ်မြောက်

March 1, 2026
​Photo -  Royal Thai Army

ထိုင်းမှာ ဘတ် ၃၀ သန်းကျော်တန်ဖိုးရှိ အိုက်စ် ၁၉၅ ကီလိုဂရမ်ကို ထိုင်းအထူးတပ်ဖွဲ့ဖမ်းဆီး

March 1, 2026

အီရန်ဒုံးကျည်ကြောင့် ဒူဘိုင်းလေဆိပ်ဝန်ထမ်း ၄ ဦး ဒဏ်ရာရ

အစ္စရေးနိုင်ငံ၊တယ်အဗစ် (Tel Aviv) မြို့ရဲ့လက်ရှိအခြေအနေမြင်ကွင်း

​KNU ဥက္ကဋ္ဌ အမိန့်နဲ့ ခလယ်လွီထူထောင်မှ အကျဉ်းသား ၂၉ ဦး လွတ်မြောက်

ထိုင်းမှာ ဘတ် ၃၀ သန်းကျော်တန်ဖိုးရှိ အိုက်စ် ၁၉၅ ကီလိုဂရမ်ကို ထိုင်းအထူးတပ်ဖွဲ့ဖမ်းဆီး

အီရန်ခေါင်းဆောင် ခါမေနီ သေပြီလို့ အစ္စရေးကြေညာ

ပုလောမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး

Releated Post

အီရန်ဒုံးကျည်ကြောင့် ဒူဘိုင်းလေဆိပ်ဝန်ထမ်း ၄ ဦး ဒဏ်ရာရ

March 1, 2026
Photo-KSA Expats

အစ္စရေးနိုင်ငံ၊တယ်အဗစ် (Tel Aviv) မြို့ရဲ့လက်ရှိအခြေအနေမြင်ကွင်း

March 1, 2026
Photo - KNU

​KNU ဥက္ကဋ္ဌ အမိန့်နဲ့ ခလယ်လွီထူထောင်မှ အကျဉ်းသား ၂၉ ဦး လွတ်မြောက်

March 1, 2026
​Photo -  Royal Thai Army

ထိုင်းမှာ ဘတ် ၃၀ သန်းကျော်တန်ဖိုးရှိ အိုက်စ် ၁၉၅ ကီလိုဂရမ်ကို ထိုင်းအထူးတပ်ဖွဲ့ဖမ်းဆီး

March 1, 2026
ဓာတ်ပုံ-လူမှုကွန်ရက်

အီရန်ခေါင်းဆောင် ခါမေနီ သေပြီလို့ အစ္စရေးကြေညာ

March 1, 2026
ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်မတော်

ပုလောမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး

March 1, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page