Border News Agency
နေပြည်တော်၊ ဖေဖော်ဝါရီ ၄။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr. Sergey SHOIGU ကို ဖေဖော်ဝါရီလ ၃ ရက်၊ မနေ့ကနေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
အဲဒီတွေ့ဆုံစဉ်အတွင်း စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၈ ရက်က စတင်ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ အောင်မြင်ခဲ့ကြောင်းနဲ့ လာမယ့်မတ်လတတိယပတ်အတွင်းမှာ လွှတ်တော်အစည်းအဝေး ခေါ်ယူသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးကလည်း မြန်မာနိုင်ငံမှာအခက်အခဲတွေကြားက ရွေးကောက်ပွဲကျင်းပနိုင်ခဲ့တာကို အသိအမှတ်ပြုကြောင်းနဲ့ ရုရှားသမ္မတ ပူတင်ကပေးပို့တဲ့ဂုဏ်ပြုသဝဏ်လွှာကို လာရောက်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ရုရှားအပါအဝင် နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေတက်ရောက်ခဲ့တဲ့ ရွေးကောက်ပွဲအခြေအနေတွေနဲ့ နှစ်နိုင်ငံကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားမယ့် ကိစ္စတွေကိုဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီနှစ်နိုင်ငံကြား Cyber security နဲ့ Information security ဆိုင်ရာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေအပြင် အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီအပြင် စီးပွားရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ အာကာသနည်းပညာနဲ့ ပညာရေးကဏ္ဍတွေမှာပါ ပူးပေါင်းဆော
င်ရွက်မှုတွေတိုးမြှင့်ဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။






