ထိုင်းအစိုးရထုတ်ပေးထားတဲ့အလုပ်လုပ်ခွင့်(Work Permit)ကိုင်ဆောင်ထားသူ မြန်မာရွှေ့ပြောင်းအလုပ်သမား တွေအတွက် ဘယ်သူ၊ ဘယ်ဝါဖြစ်ကြောင့်သက်သေခံလက်မှတ်(CI)လုပ်ပေးတော့မယ်လို့မြန်မာသံရုံးကထုတ်ပြန်ပါတယ်။
အဲဒီသက်သေခံလက်မှတ်တွေကို လာမယ့်ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကစတင်ပြီးနေရာငါးခုမှလုပ်ပေးမှာလို့ထုတ်ပြန်ပါတယ်။
မြန်မာ-ထိုင်းနှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနပူးပေါင်းပြီး စမုစခွန်၊စမုကန်၊ ဆူရတ်ဌာနီ၊ချင်းမယ်နဲ့ ချွန်ဘူရီခရိုင်မှာလုပ်ပေးမှာပါ။
အဲဒီ Work Permit CI စာအုပ်ရဲ့ ကုန်ကျစာရိတ်မှာ ဘတ် ၂,၄၇၀ ဖြစ်ပြီး အလုပ်သမားတွေဟာ နီးစပ်ရာ 7-Eleven ဆိုင်တွေမှာ ငွေသွင်းရမှာဖြစ်ပါတယ်။
အဲဒီငွေသွင်းပြီးပါက မိမိတို့လျှောက် ထားလိုတဲ့စခန်းအမည်နဲ့နေ့ရက်ကို ရွေးချယ်နိုင်ဖြစ်ပြီး ရရှိလာတဲ့ ပြေစာနဲ့ အတူ စခန်းတွေကိုသွားရောက်လုပ်ရမှာပါ။
အဲဒီ CI လျှောက်ထားရာမှာ သတ်မှတ်ထားတဲ့ ကုန်ကျစာရိတ်ထက် ပိုမိုပေးဆောင်ရတာမရှိဖို့၊မလိုလားတဲ့ကုန်ကျစာရိတ်တွေမရှိစေဖို့အတွက် အလုပ်သ မားတွေ သတိပြုကြဖို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးထားပါတယ်။






