Border News Agency
မန္တလေး၊ ဖေဖော်ဝါရီ ၁၄။
မန္တလေးတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးလှုပ်ရှားတပ်မဆီသို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေးမှ ဖေဖော်ဝါရီလ ၁၄ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်ရဲ့ ခလရ ၄၁၆ မှ ပြည်သူ့စစ်မှုထမ်းတပ်သားနှစ်ဦးဟာ ဖေဖော်ဝါရီ ၉ ရက်နေ့က မန္တလေးအထူးလှုပ်ရှားတပ်မဆီ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပတ်စဉ် ၁၇ ဆင်း ပြည်သူ့စစ်မှုထမ်းတပ်သားနှစ်ဦးဟာ MA 1 နှစ်လက်၊ ခဲယမ်းများနဲ့အတူ အလင်းဝင်ရောက်လာခဲ့တာကြောင့် သူတို့နှစ်ဦးကို ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအလင်းဝင်တပ်သားနှစ်ဦးကို တော်လှန်ရေးတပ်တွေမှ နွေးထွေးစွာကြိုဆိုလက်ခံခဲ့ပြီး ဘေးကင်းလုံခြုံရာကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။








