Border News Agency
တွန်းဇံ၊ ဖေဖော်ဝါရီ ၂၃။
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ရှိလူငယ်တွေကို တပ်သားသစ်စုဆောင်းမယ်လို့ တွန်းဇံမြို့နယ်ကောင်စီက ဖေဖော်ဝါရီလ ၂၂ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီ တပ်သားသစ်စုဆောင်းတာကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကစပြီး စုဆောင်းသွားမယ်လို့ ဆိုပါတယ်။
တွန်းဇံမြို့နယ်ကောင်စီကဦးဆောင်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကပြုလုပ်တဲ့ ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပထမအကြိမ် Zoom အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချခဲ့တာလို့ ဆိုပါတယ်။
တွန်းဇံမြို့နယ်အတွင်းရှိ လူငယ်တွေနဲ့ တွန်းဇံမြို့ကိုရောက်ရှိလာတဲ့ အသက် ၁၆ နှစ်မှ ၃၅ နှစ်ကြားရှိလူငယ်တွေကို အဓိကထားစုဆောင်းမှာလို့ ဆိုပါတယ်။
အဲဒါကြောင့် တွန်းဇံမြို့နယ်အတွင်းနေထိုင်ကြတဲ့ လူငယ်တွေနဲ့ ပြင်ပမှရောက်လာကြတဲ့ လူငယ်တွေကို CDF – တွန်းဇံဇိုတပ်ဖွဲ့နဲ့ CC တပ်ပေါင်းစုအတွက် တပ်သားစုဆောင်းမှာဖြစ်တယ်လို့ ဆိုပါတယ်။






