တတိယအကြိမ်မြောက်ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေရဲ့ ပထမပုံမှန်အစည်းအဝေးတွေကို လာမယ့် မတ်လထဲမှာအသီးသီး စတင်ကျင်းပမယ်လို့ ဖေဖော်ဝါရီလ ၂၃ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီ ပြည်သူ့လွှတ်တော် အစည်းအဝေးကိုတော့ မတ်လ ၁၆ ရက်၊ တနင်္လာနေ့ မနက် ၁၀ နာရီမှာ နေပြည်တော်က လွှတ်တော်အဆောက်အအုံမှာ စတင်ကျင်းပမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားတာပါ။
အဲဒီအပြင် အမျိုးသားလွှတ်တော် အစည်းအဝေးကိုတော့ မတ်လ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့ မနက် ၁၀ နာရီမှာ စတင်ကျင်းပဖို့ ရက်သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေရဲ့ အစည်းအဝေးတွေကိုတော့ မတ်လ ၂၀ ရက်၊သောကြာနေ့မှာ သက်ဆိုင်ရာ လွှတ်တော်တွေအလိုက် တပြိုင်တည်း စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။






