Border News Agency
ထားဝယ်၊ ဖေဖော်ဝါရီ ၂၄။
မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်အတွင်းရှိ စုံစင်ဖျားကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကေအဲန်ယူ မြိတ်ထားဝယ်ခရိုင်က ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ စုံစင်ဖျားကျေးရွာကို ဖေဖော်ဝါရီလ ၂၃ ရက်၊ ညနေ ၂ နာရီခွဲအချိန်က စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံးတလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းက အရပ်သားပြည်သူတဦးသေဆုံးခဲ့ရပြီး နောက်ထပ်တဦးလည်း ဗုံးစထိမှန်ကာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ် ၄ လုံးထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့လည်း ဆိုပါတယ်။
အဲဒီကျေးရွာသားတွေဟာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းရန်ကြောင့် စိုးရိမ်ထိတ်လန့်နေကြပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။






