Border News Agency
မကွေး၊ မတ် ၁။
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာအနီးမှာနားခိုနေတဲ့ ခရီးသွားအရပ်သားပြည်သူတွေကို မတ်လ ၁ရက်၊ ဒီနေ့ မနက်ပိုင်းက စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အဲဒီပြောင်းကျေးရွာအနီးမှာနားခိုနေတဲ့ ခရီးသွားအရပ်သားပြည်သူတွေရှိတဲ့နေရာကို မနက် ၁၁ နာရီ ၁၄ မိနစ်နဲ့ ၁၁ နာရီ ၃၀ မိနစ်အချိန်တွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က ပေါင် ၃၀၀ ဗုံး ၁၀ လုံး၊ Rocket တွေနဲ့ပါတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သားပြည်သူအမျိုးသား ၂၃ ဦးနဲ့ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၂၅ ဦးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ပြင်းထန်ဒဏ်ရာရရှိသူ ၁၀ ဦးနဲ့ အလတ်စားဒဏ်ရာရသူ ၁၀ ဦး၊ စုစုပေါင်းထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ၆ ဘီးကုန်တင်ကား ၁၀ စီးကျော်နဲ့ ကုန်ပစ္စည်းတွေလည်း မီးလောင်ပျက်စီးခဲ့ရပြီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၂ သောင်းနီးပါးအထိ ရှိခဲ့တယ်လို့သိရပါတယ်။






