Border News Agency
ရန်ကုန်၊ မတ် ၈။
အသက် ၁၈ နှစ်မပြည့်သေးတဲ့သူတွေကို အရက်ရောင်းတာဒါမှမဟုတ် ပေးကမ်းတာမျိုး မလုပ်ဖို့အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက မတ်လ ၇ ရက်နေ့မှာ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ယစ်မျိုးဥပဒေမှာ တရားဝင်တားမြစ်လိုက်ပါတယ်။
အသစ်ထွက်လာတဲ့ယစ်မျိုးဥပဒေ ပုဒ်မ ၆၈ အရ အသက် ၁၈ နှစ်မပြည့်သူတွေအပြင် သာသနာ့ဝန်ထမ်းတွေ၊ စိတ်ပေါ့သွပ်သူတွေကိုလည်း အရက်ရောင်းတာ၊ ပေးကမ်းတာမျိုး လုံးဝမလုပ်ဖို့ တားမြစ်ထားတာပါ။
တကယ်လို့ဒီတားမြစ်ချက်ကိုဖောက်ဖျက်ပြီး ရောင်းချတာမျိုး လုပ်ခဲ့ရင် အမြင့်ဆုံး ထောင်ဒဏ် ၆ လဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၂၀ ကနေ အများဆုံး ကျပ်သိန်း ၅၀ အထိ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရမှာဖြစ်ပါတယ်။
အဲဒီအပြင် ယစ်မျိုးလိုင်စင်မရှိဘဲ အရက်ထုတ်လုပ်တာ ဒါမှမဟုတ် ပြည်ပကို တင်ပို့တာမျိုး လုပ်ရင်တော့ ပိုပြီးပြင်းထန်တဲ့ ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် ၂ နှစ်အထိနဲ့ ငွေဒဏ် ကျပ်သိန်း ၁၀၀၀ ထိ ချမှတ်ခံရနိုင်တယ်လို့ဆိုပါတယ်။






