Border News Agency
ကတ္တားတား၊ မတ် ၁၇။
အိမ်သုံးဂတ်စ် (LPG) စျေးနှုန်းတွေ မြင့်တက်လာတာနဲ့ ဗဟိုအစိုးရရဲ့စီးပွားရေးမူဝါဒတွေအပေါ် ကန့်ကွက်တဲ့အနေနဲ့ အနောက်ဘင်္ဂလားပြည်နယ်ဝန်ကြီးချုပ် မမာတာ ဘန်နာဂျီ ဦးဆောင်တဲ့ထရင်နမူကွန်ဂရက်ပါတီကဦးဆောင်ပြီး မတ်လ ၁၆ ရက်နေ့မှာ စီတန်းလှည့်လည်ပွဲပြုလုပ်ခဲ့ပါတယ်။
အဲဒီဆန္ဒပြပွဲကို ကောလိပ်စကွဲယားကနေ ဒိုရီနာလမ်းဆုံအထိ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသခံပြည်သူအများအပြား ပါဝင်ခဲ့ကြပါတယ်။
စီတန်းလှည့်လည်ပွဲအတွင်း ပါတီခေါင်းဆောင်က အခြေခံလူတန်းစားတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့အတွက် သူတို့ပါတီကအမြဲရှိနေမှာဖြစ်တယ်လို့ဆိုပါတယ်။
အခုလို လာရောက်ဝန်းရံပေးကြတဲ့ မိခင်တွေနဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဘာသာရေးကိုအခြေခံပြီး တိုင်းပြည်စည်းလုံးမှုကို ထိခိုက်စေမယ့် လုပ်ရပ်တွေနဲ့ ပြည်သူတွေရဲ့ မဲပေးပိုင်ခွင့်ကို ထိပါးလာမယ့် အခြေအနေတွေကိုလည်း လက်ခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
အနောက်ဘင်္ဂလားပြည်နယ်အတွင်း NRC နဲ့ CAA လိုမျိုး လူထုအခွင့်အရေးအပေါ် သက်ရောက်မှုရှိနိုင်တဲ့ ဥပဒေတွေကို အကောင်အထည်ဖော်ခွင့်ပေးမှာမဟုတ်ကြောင်းနဲ့ ဒီမိုကရေစီကို စောင့်ရှောက်ဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောကြားရင်း “ဂျွိုင်းဘင်္ဂလား” ကြွေးကြော်သံနဲ့အတူ ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ပါတယ်။





















