Border News Ahency
မောင်တော၊ မတ် ၁၈။
အာရက္ခရေပိုင်နက်အတွင်း တရားမဝင် ကျူးကျော်ဝင်ရောက်ပြီး ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ချ် ငါးဖမ်းသမား ၄ ဦးကိုမတ်လ ၁၇ ရက်နေ့မှာ အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ကဖမ်းဆီးလိုက်ပါတယ်။
အဲဒီငါးဖမ်းသမားတွေကို နတ်မြစ်ဝနဲ့ မီတာ ၈၅၀ ခန့်အကွာမှာ ငါးဖမ်းဘုတ်တစီးနဲ့အတူ မနက် ၈ နာရီအချိန်ခန့်မှာ ဖမ်းမိခဲ့တာပါ။
အာရက္ခကမ်းခြေစောင့်တပ်ဖွဲ့ဟာ အာရက္ခရေပိုင်နက်အတွင်း ရည်ရွယ်ချက်ရှိရှိ ခိုးဝင်ငါးဖမ်းသူတွေကို အချိန်ပြည့်စောင့်ကြည့် ဖမ်းဆီးနေပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေကိုလည်း ဥပဒေနဲ့အညီ ထိရောက်ပြတ်သားစွာ အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း အပြစ်ပေးအရေးယူထားတဲ့ ငါးခိုးဖမ်းသမားတချို့ကို ဘင်္ဂလားဒေ့ချ် နယ်ခြားစောင့်တပ်ထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တာမျိုး ရှိခဲ့ပါတယ်။
ဒါပေမယ့် အခုလိုထပ်မံကျူးကျော်မှုတွေ ရှိနေတာကြောင့် လုံခြုံရေးကို ပိုမိုမြှင့်တင်ထားပြီး ဖမ်းဆီးရမိတဲ့ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၄ ဦးကိုလည်း ဥပဒေအရဆက်လက်အရေးယူသွားဖို့ စီစဉ်နေပါတယ်။






