Border News Agency
နောင်ခိုင်၊ မတ် ၁၈ ။
ထိုင်းနိုင်ငံ၊ နောင်ခိုင်ခရိုင်အတွင်းမှာ စိတ်ကြွဆေးပြား ၄ သိန်းကျော် ကိုထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးတွေနဲ့ ပတ်သက်ပြီး မတ်လ ၁၈ ရက်၊ ဒီနေ့မှာနောင်ခိုင်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။
အဲဒီဖမ်းဆီးရမိမှုမှာ အမှတ် ၂၁ ခြေလျင်တပ်ရင်းအထူးတပ်ဖွဲ့ နဲ့အတူ ဖုန်းဖိဆိုင် မြို့နယ်နဲ့ နောင်ခိုင်မြို့နယ်အတွင်းရှိ လုံခြုံရေးအဖွဲ့အစည်းတွေ ပူးပေါင်းဆော
င်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။
အမှတ် ၂၁၀၄ အထူးတပ်ခွဲက ဒီစစ်ဆင်ရေးမှာ အဓိက ပါဝင်ခဲ့တာပါ။
သတင်းစာရှင်းလင်းပွဲကို နောင်ခိုင်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး နိုင်ဖိုင်သွန်း မဟာချွန်းချိုင်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဖုန်းဖိဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူး၊ရဲတပ်ဖွဲ့ဝင်တွေနဲ့ အကောက်ခွန်ဦးစီးဌာနက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
အခုဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတာဖြစ်ပြီး ဒေသတွင်း လုံခြုံရေးအဖွဲ့တွေရဲ့ သတင်းကြိုတင်ရရှိမှုကြောင့် အချိန်မီ ဟန့်တားနိုင်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီ ဆက်စပ်တရားခံတွေကိုလည်း ဖမ်းဆီးနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်။
ထိုင်း-မြန်မာနယ်စပ်နဲ့ လာအိုနယ်စပ်တလျှောက်မှာ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေဟာ အခုနောက်ပိုင်း ပိုမိုများပြားလာတာကြောင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အထူးသတိပေးထားတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။













