Border News Agency
မတ္တရာ၊မတ် ၂၀။
မတ္တရာမြို့နယ်အခြေစိုက် မတ္တရာမျိုးမှန်တပ်ဖွဲ့ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ PDF တပ်ရင်းအဖြစ် ကွပ်ကဲမှုခံယူပြီး တိုက်ပွဲဝင်နေပြီလို့ ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
တော်လှန်ရေးအင်အားစုတွေ တစုတစည်းတည်းဖြစ်ဖို့ အခုလိုပူးပေါင်းလိုက်တာလို့ ဆိုပါတယ်။
အဲဒီတပ်ဖွဲ့ဟာ ရှမ်းမန်းစစ်ဆင်ရေးနဲ့ နောယက်ဆက်တွဲ ခုခံစစ်တွေမှာ PDF တပ်ရင်းတွေ၊ပကဖတွေနဲ့အတူ ရှေ့တန်းက လက်တွဲတိုက်ပွဲဝင်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။
အခုလို PDF စစ်ရုံးချုပ်ရဲ့ကွပ်ကဲမှုစနစ်အတွင်း တရားဝင်ဝင်ရောက်တာဟာ တော်လှန်ရေးအတွက် ပိုပြီးအကျိုးပြုနိုင်မှာဖြစ်တယ်လို့လည်းဆိုပါတယ်။
စစ်အာဏာရှင်ကိုတိုက်ဖျက်ရာမှာ ဦးတည်ရာတခုတည်းရှိဖို့နဲ့ စုစည်းညီညွတ်ဖို့ လိုအပ်တာကြောင့် မတ္တရာမျိုးမှန်တပ်ဖွဲ့ကို PDF အစိတ်အပိုင်းအဖြစ် ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့တာပါ။
အဲဒီဖိတ်ခေါ်မှုကို တော်လှန်ရေးအကျိုးရှေးရှုပြီး တပ်ဖွဲ့ခေါင်းဆောင်တွေက လက်ခံသဘောတူခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ကွပ်ကဲမှုအောက်မရောက်သေးတဲ့တခြားအဖွဲ့တွေကိုလည်း ဆက်လက်စည်းရုံးသွားမှာဖြစ်ပြီး စစ်ရေးပူးပေါင်းဖို့ အမြဲကြိုဆိုနေတယ်လို့ ဆိုပါတယ်။






