Border News Agency
အာရဒ်၊ မတ် ၂၂။
အစ္စရေးတောင်ပိုင်း၊ အာရဒ်မြို့ကို အစ္စရေးအမျိုးသားလုံခြုံရေးဝန်ကြီးအီတာမာဘင်ဂါဗီယာဟာ မတ်လ ၂၂ ရက်နေ့ မနက်ကလာရောက်ခဲ့ပါတယ်။
သူ့ကို ဒေသခံတွေနဲ့ကယ်ဆယ်ရေးဝန်ထမ်းတွေ တုံ့ပြန်မှုကိုခံခဲ့ရပါတယ်။
အီရန်ဒုံးကျည်ကြောင့် အာရဒ်မြို့ကအဆောက်အအုံတွေပျက်စီးပြီး လူခုနှစ်ဆယ်ဒဏ်ရာရခဲ့တာမို့ ဝန်ကြီးရောက်လာချိန်မှာ အခြေအနေတွေတင်းမာခဲ့တာပါ။
အဲဒီအပြင် အစိုးရရဲ့လုံခြုံရေးအားနည်းချက်တွေနဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ချို့ယွင်းမှုတွေအပေါ်မှာလည်း ဝန်ကြီးကိုဝေဖန်ခဲ့ကြပါတယ်။
အီရန်ကို စစ်ရေးတုံ့ပြန်မယ်လို့ဝန်ကြီးကဆိုပေမယ့် အစိုးရရဲ့ကာကွယ်ရေးအားနည်းချက်တွေကြောင့် ထိခိုက်မှုတွေဖြစ်တာလို့ ဒေသခံတွေယူဆနေကြပါတယ်။






