Border News Agency
နေပြည်တော်၊ မတ် ၂၄။
အာဏာသိမ်းစစ်တပ်ရဲ့တရားမဝင် အမျိုးသားလွှတ်တော်ဒုတိယနေ့ကို မတ်လ ၂၄ ရက်၊ ဒီနေ့မှာကျင်းပခဲ့ပြီး အမြဲတမ်းကော်မတီလေးခုကို အဖွဲ့ဝင်တဆယ့်ငါးဦးစီနဲ့ဖွဲ့လိုက်ပါတယ်။
အဲဒီဥပဒေကြမ်း၊ ပြည်သူ့ငွေစာရင်း၊ လွှတ်တော်အခွင့်အရေးနဲ့အစိုးရရဲ့ အာမခံချက်၊ ကတိကဝတ်နဲ့ တာဝန်ခံချက်တွေစိစစ်ရေးစတဲ့ ကော်မတီဖြစ်ပါတယ်။
အဲဒီဥပဒေကြမ်းကော်မတီမှာ ဒေါ်နွယ်နွယ်ဦးကဥက္ကဋ္ဌဖြစ်ပြီး ငွေစာရင်းကော်မတီမှာဦးချစ်ဆွေက ဥက္ကဋ္ဌဖြစ်ပါတယ်။
လွှတ်တော်အခွင့်အရေးကော်မတီကိုတော့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်က ဦးဆောင်မှာပါ။
အဲဒီအပြင် အစိုးရရဲ့ကတိကဝတ်တွေ စိစစ်မယ့်ကော်မတီမှာ ဦးလှသိန်းကို ဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ်ခဲ့ပြီး ကော်မတီတခုချင်းစီရဲ့အတွင်းရေးမှူးတွေနဲ့ အဖွဲ့ဝင်စာရင်းကိုလည်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးအတည်ပြုခဲ့ပါတယ်။
ဒီကော်မတီတွေရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်နဲ့ သက်တမ်းတွေနဲ့ ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာလွှတ်တော်ကိုယ် စားလှယ်တဦးချင်းစီတင်ပြခဲ့ကြပါတယ်။






