Border News Agency
စစ်တွေ၊ မတ် ၂၄။
အာဏာသိမ်းစစ်တပ်ရဲ့တရားမဝင်ရခိုင်ပြည်နယ်လွှတ်တော်မှာ ဥပဒေပြုရေးကော်မတီ၊ တိုင်းရင်းသားလူမျိုးများအရေးလေ့လာရေးကော်မတီနဲ့လွှတ်တော်ကိုယ်စားလှယ်တွေစိစစ်ရေးကော်မတီ ကို ဖွဲ့စည်းမယ်လို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဆိုပါတယ်။
အဲဒီရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဒေါ က်တာစန်းဟာ မတ်လ၂၃ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးဒုတိယနေ့မှာပြောတာပါ။
အဲဒီလိုဖွဲ့စည်းရာမှာလွှတ်တော်ဥက္ကဋ္ဌဟာ လွှတ်တော်ရဲ့သဘောတူညီချက်နဲ့ ဖွဲ့စည်းရမှာဖြစ်တဲ့အတွက် ကော်မတီမှာပါဝင်ကြမယ့်လွှတ်တော်ကိုယ်စားလှ ယ်တွေဟာ ဖွဲ့စည်းမယ့်ကော်မတီတွေနဲ့ပတ်သက်ပြီး ညှိနှိုင်းတာ၊ဆွေးနွေးတာ၊အတည်ပြုမှုရယူတာတွေကို ပေါ င်းဆောင်ရွက်ကြဖို့ ပြောပါတယ်။
အဲဒီရခိုင်ပြည်နယ်လွှတ်တော်မှာရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်နှစ်ဆယ်တဦး၊တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ခုနှစ်ဦးရှိပါတယ်။
အဲဒီလွှတ်တော်ရုံးဟာပြည်နယ်မြို့တော်စစ်တွေမှာတည်ရှိပြီး အာရက္ခတပ်တော်နဲ့စစ်ကော်မရှင်တပ်ကြားစစ်ရေးတင်းမာနေကြပါတယ်။






