Border News Agency
မုံးကိုး၊ မတ် ၂၆။
မူဆယ်မြို့နယ်၊ မုံးကိုးမြို့မှာ ကိုးကန့်တပ်(MNDAA)ကဖမ်းဆီးသွားတဲ့ တအာင်းတပ်(TNLA)တပ်သားကိုးဦးထဲကလေးဦးကိုသာ ပြန်လွှတ်ပြီး ကျန်တဲ့ ငါးဦးပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီနမ့်ဝါ၊ ရှောက်ရွှေကျင်၊ပန်စီတိုင်နဲ့နမ့်ဟာကျေးရွာတွေက TNLA တပ်သား ကိုးဦးကို ပြီးခဲ့တဲ့ရက်ပိုင်းက ကိုးကန့်တက်ဖမ်းခဲ့တာဖြစ်ပြီး မတ်လ ၂၃ ရက်နေ့ကလေးဦးကိုပြန်လွှတ်ပေးခဲ့တာပါ။
အဲဒါကြောင့်နောက်ထပ်ငါးဦးပျောက် ဆုံးနေပြီးကိုးကန့်တပ်က အတင်းအဓမ္မစစ်မှုထမ်းခိုင်းထားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီမုံးကိုးမြို့မှာ လူမျိုးမရွေးတအိမ်တယောက်ကျစစ်မှုထမ်းဖို့ကိုးကန့်တပ်ကအတင်းအဓမ္မစုဆောင်းနေတယ်လို့ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအပြင်မူးယစ်ဆေးဝါးစွဲနေသူတွေကိုလည်းဖမ်းဆီးစစ်မှုထမ်းခိုင်းတာတွေရှိနေတယ်လို့လည်း ဒေသခံတွေကဆိုကြပါတယ်။
အဲဒီရှမ်းမြောက်မှာတအာင်းတပ်ထိန်းချုပ်မြို့ကို ကိုးကန့်တပ်ကဝင်ရောက်တိုက်ခိုက်သိမ်းယူပြီးတအာင်းတပ်ဖွဲ့ဝင်တွေကိုလည်း ဖမ်းဆီးသွားပါတယ်။
ကိုးကန့်တပ်ကတော့ တအာင်းတပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးလိုက်ပြီဆိုပေမယ့်တအာင်းတပ်ဖွဲ့ဝင်တွေပျောက်ဆုံးနေဆဲဖြစ်တယ်လို့ မိသားစုဝင်တွေက ဆိုကြပါတယ်။






