Border News Agency
ရမည်းသင်း၊မတ် ၂၆။
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မှာ ငွေကျပ်သုံးဘီလီယံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှစ်သန်းနဲ့အတူ အမျိုးသားတဦးကိုဖမ်းဆီးခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဆိုပါတယ်။
အဲဒီရမည်းသင်းမြို့နယ်၊တပ်ကုန်း – ကျောက်ဆည်ခရိုင် ချင်းဆက်လမ်းပေါ်မှာ ဆိုင်ကယ်ကိုတားဆီးဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုဖမ်းဆီးရာမှာ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လူဖဲခြမ်း ကျေးရွာနေခွန်လိမ္မာကို ဆိုင်ကယ်သုံးစီးနဲ့အတူဖမ်းမိခဲ့ပြီး အဲဒီဆိုင်ကယ်တွေပေါ်မှာ တင်ဆောင်ထားတဲ့ ဆာလာအိတ်ခြောက်အိတ်မှ ငွေကျပ်သုံးဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှစ်သန်းကိုသိမ်းဆည်းခဲ့ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေနဲ့အတူဖမ်းဆီးရမိသူကို ဥပဒေအရအရေးယူနိုင်ရေး သက်ဆိုင်ရာနယ်မြေရဲစခန်းကိုလွှဲပြောင်းအမှုဖွင့်ပြီး ဆက်စပ်ကျူးလွန်သူတွေကိုလည်း ဖမ်းဖို့ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးအန္တရာယ်ကိုကင်းရှင်းစေဖို့ အမျိုးသားရေးတာဝန်အဖြစ် တားဆီးတိုက်ဖျက်ရေးလုပ်ငန်းတွေကို ပြည်သူတွေ၊ ဒေသတွင်း၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။






