Border News Agency
နေပြည်တော်၊ မတ် ၂၈။
ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာဖို့အတွက် ရွေးကောက်ပွဲကတဆင့်ပေါ်ထွက်လာမယ့်အစိုးရသစ်ကို အထောက်အကူပြုဆောင်ရွက်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်။
နေပြည်တော်မှာမတ်လ ၂၇ ရက်၊မနေ့ကကျင်းပတဲ့ ၈၁ နှစ်မြောက်တပ်မ တော်နေ့ကပြောခဲ့တာပါ။
အဲဒီရွေးကောက်ပွဲကိုအောင်မြင်အောင် ကျင်းပခဲ့ပြီဖြစ်လို့ ပေါ်ထွက်လာတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဟာ နိုင်ငံ့အရေးကို အလေးအနက်ထားဆောင် ရွက်ကြဖို့လိုအပ်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် နိုင်ငံရေးအရ ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး ဖွဲ့စည်းတည်ဆော က်ပုံမှာတော့ ဒေသကိုအခြေခံတဲ့ ဖက်ဒရယ်စနစ်ကို ဦးတည်လျှောက်လှမ်းနေတာလို့ ဆိုပါတယ်။
အဲဒါကြောင့် တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအ တိုင်း အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ဆက်ပါသွားမယ်လို့လည်းဆိုပါတယ်။
စစ်ခေါင်းဆောင်ဟာ ခုချိန်ထိရွေးကောက်ပွဲ အောင်မြင်စွာကျင်းပခဲ့ပြီလို့ ဆိုပေမယ့် တနိုင်ငံလုံးတိုက်ပွဲတွေပြင်း ထန်နေဆဲဖြစ်သလို နယ်မြေအများအ ပြားလက်လွှတ်ထားရတဲ့ အခြေအနေမှာတရားမဝင်ရွေးကောက်ပွဲကိုအတင်း အကျပ်လုပ်ခဲ့တာလို့ ပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကဆိုကြပါတယ်။






