Border News Agency
နေပြည်တော်၊ မတ် ၂၈။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သဘောတူညီချက် ၄၃ ချက်ထိ ရရှိထားတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်။
နေပြည်တော်မှာမတ်လ ၂၇ ရက်၊မနေ့က ကျင်းပတဲ့ ၈၁ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမိန့်ခွန်းမှာ ပြောတာပါ။
အဲဒီသဘောတူညီချက်တွေကို ပြည်ထောင်စုလွှတ်တော်မှာ တင်ပြပြီး ပြင်ဆင်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ရွေးကောက်ပွဲကိုအောင်မြင်အောင်ကျင်းပခဲ့ပြီးပြီဖြစ်လို့ ပေါ်ထွက်လာတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်အစည်းအဝေးတွေ စတင်နေပြီလို့လည်း သူက ပြောပါတယ်။
နိုင်ငံရေးအရ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဖွဲ့စည်းတည်ဆောက်ပုံမှာတော့ ဒေသကိုအခြေခံတဲ့ ဖက်ဒရယ်စနစ်ကို ဦးတည်သွားမယ်လို့ ဆိုပါတယ်။
နောက်ပြီးနယ်မြေလုံခြုံရေးအတွက် ပြည်သူ့စစ်မှုထမ်းစနစ်ကို ဥပဒေနဲ့အညီ ဆက်ဖော်ဆောင်သွားမှာဖြစ်သလို နိုင်ငံတော်တည်ငြိမ်ရေးကို အန္တရာယ်ပေးနေတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုတွေကိုလည်း နိုင်ငံတကာနဲ့ ပူးပေါင်းတိုက်ဖျက်နေတယ်လို့လည်းဆိုပါတယ်။






