Border News Agency
အီရန်၊မတ် ၂၈။
အီရန်နိုင်ငံ၊မီနာဘ်မြို့က Shajareh Tayybeh စာသင်ကျောင်းကို အမေရိကန်နဲ့အစ္စရေးတို့က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသားနဲ့ဆရာပေါင်း ၁၇၅ ဦးထက်မနည်းသေဆုံးသွားတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
အဲဒီသေဆုံးသူတွေထဲမှာ အများစုဟာကလေးငယ်တွေဖြစ်ပြီး ဒါဟာတမင်တကာရွယ်ရည်ချက်ရှိရှိလုပ်ဆောင်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ အီရန်ဘက်ကစွပ်စွဲထားပါတယ်။
အဆင့်မြင့်နည်းပညာသုံးပြီး စာသင်ကျောင်းကိုပစ်မှတ်ထားတာဟာ မှားယွင်းတိုက်ခိုက်တာမဟုတ်ဘဲ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။
အခုကျောင်းတင်မကဘဲ အီရန်နိုင်ငံတစ်ဝှမ်းမှာ စာသင်ကျောင်းပေါင်း ၆၀၀ ကျော်ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းသားနဲ့ဆရာ ၁,၀၀၀ ကျော် သေဆုံး၊ ဒဏ်ရာရထားကြတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ဆေးရုံ၊ လူနာတင်ယာဉ်နဲ့ ရေနံချက်စက်ရုံလိုမျိုး အရပ်ဘက်အဆောက်အအုံတွေကိုလည်း တိုက်ခိုက်ခံနေရတယ်လို့ အီရန်ဘက်ကဆိုပါတယ်။
ဒီတိုက်ခိုက်မှုဟာ အီရန်ရဲ့ နျူကလီးယားစီမံကိန်းနဲ့ပတ်သက်ပြီး အမေရိကန်နဲ့သံတမန်ရေးအရ ဆွေးနွေးမှုတွေလုပ်နေစဉ်အတွင်းမှာပဲဖြစ်ပွားခဲ့တာပါ။
အီရန်အနေနဲ့ မိမိကိုယ်ကိုယ်ခုခံကာကွယ်သွားမှာဖြစ်သလို ဒီလိုကျူးလွန်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် အရေးယူပေးဖို့လည်း တောင်းဆိုထားပါတယ်။






