Border News Agency
အစ္စရေး၊ မတ် ၂၈။
အစ္စရေးနိုင်ငံတောင်ပိုင်းကအရေးပါတဲ့ စစ်ရေးပစ်မှတ်တွေကို ဘောလစ်စတစ်ဒုံးကျည်အမြောက်အမြားနဲ့ ပထမဆုံးအကြိမ်တိုက်ခိုက်လိုက်ပြီလို့ ယီမင်လက်နက်ကိုင်တပ်ဖွဲ့ (ဟူသီ)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ယာဟယာဆာရီယေးက မတ်လ ၂၈ ရက်၊ ဒီနေ့မှာကြေညာလိုက်ပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ အီရန်၊လက်ဘနွန်၊ အီရတ်နဲ့ပါလက်စတိုင်းတို့အပေါ် အစ္စရေးရဲ့ကျူးကျော်မှုတွေကိုတုံ့ပြန်တဲ့အနေနဲ့ တိုက်ရိုက်စစ်ရေးစွက်ဖက်မှုစတင်တာဖြစ်တယ်လို့ ဆိုပါတယ်။
အီရန်နဲ့ဟစ်ဇဘိုလာတို့ရဲ့စစ်ဆင်ရေးတွေနဲ့အတူ တပြိုင်နက်တည်းပြုလုပ်ခဲ့တဲ့ ဒီဒုံးကျည်တိုက်ခိုက်မှုဟာ သတ်မှတ်ထားတဲ့ပစ်မှတ်တွေကို အောင်မြင်စွာထိမှန်ခဲ့တယ်လို့ ဟူသီဘက်ကပြောကြားထားပါတယ်။
ပါလက်စတိုင်းအပါအဝင် တခြားတော်လှန်ရေးတပ်ဦးတွေအပေါ် ကျူးကျော်မှုတွေရပ်တန့်သွားတဲ့အထိ သူတို့ရဲ့စစ်ဆင်ရေးတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဗိုလ်ချုပ်ဆာရီယေးကသတိပေးပြောဆိုထားပါတယ်။






