Border News Agency
အီရန်၊ မတ် ၃၀။
အီရန်နိုင်ငံ၊ မြို့တော် တီဟီရန်မှာရှိတဲ့ အချက်အချာကျတဲ့ နေရာတွေကို အမေရိကန်နဲ့ အစ္စရေးတို့ပူးပေါင်းပြီး မတ်လ ၂၉ ရက်နေ့ကလေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း အီရန်ရဲ့ရှေးအကျဆုံးနဲ့ နာမည်အကြီးဆုံး ဖြစ်တဲ့ သိပ္ပံနဲ့ နည်းပညာတက္ကသိုလ် (IUST) ကို ဒုံးကျည်တွေ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် တက္ကသိုလ်ဝင်းအတွင်း ပြင်းထန်တဲ့ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အဆင့်မြင့်သုတေသနဆောင်တွေနဲ့ ပညာရေးအဆောက်အအုံတချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အခုလို ပညာရေးနဲ့ နည်းပညာဆိုင်ရာ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ အီရန်ရဲ့အခြေခံအဆောက်အအုံတွေကို အားနည်းသွားစေဖို့ ရည်ရွယ်တာဖြစ်တာလို့ဆိုပါတယ်။














