Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး နိုင်ငံတကာ နိုင်ငံရေး သတင်း

​အီရန်ရေနံကိုသိမ်းပိုက်ဖို့ အမေရိကန်မရိန်းတပ်ဖွဲ့ဝင်တွေကို ထရန့်စေလွှတ်

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
2
VIEWS
Share on FacebookShare on Twitter

Border News Agency
အီရန်၊ ဧပြီ ၁။

အီရန်နိုင်ငံရဲ့အဓိကရေနံတင်ပို့ရာဗဟိုချက်ဖြစ်တဲ့ ခါ့ဂ်ကျွန်းကိုသိမ်းပိုက်ပြီး ရေနံတွေကိုထိန်းချုပ်ဖို့အတွက် အမေရိကန်မရိန်းတပ်ဖွဲ့ဝင်တွေကို စေလွှတ်လိုက်ပြီလို့ သမ္မတဒေါ်နယ်ထရန့်က အတည်ပြုပြောကြားလိုက်တယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။

အဲဒီအစီအစဉ်ကို အမေရိကန်ပြည်တွင်းကနေ ကန့်ကွက်နေသူတွေကိုလည်း “လူမိုက်တွေ” လို့သူက ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တာပါ။

​ထရန့်ကအီရန်ရေနံကိုသိမ်းပိုက်ဖို့ဟာ သူ့ရဲ့အကြိုက်ဆုံးအစီအစဉ်ဖြစ်ပြီး ဗင်နီဇွဲလားနိုင်ငံမှာလိုပဲအီရန်ရေနံလုပ်ငန်းတွေကို အကန့်အသတ်မရှိ ထိန်းချုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။

အဲဒီအတွက် အရှေ့အလယ်ပိုင်းကို မရိန်းတပ်ဖွဲ့ဝင်တွေအပြင် ခြေလျင်တပ်ရင်း ၈၂ က ထောင်နဲ့ချီတဲ့စစ်သည်တွေကိုပါပို့ဆောင်ဖို့စီစဉ်နေပြီး အခုသတင်းပတ်အတွင်းမှာပဲ နောက်ထပ်စစ်သည် ၃,၅၀၀ ဟာ USS Tripoli သင်္ဘောနဲ့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

​အီရန်ဘက်ကတော့ အခုလိုသိမ်းပိုက်ဖို့ကြိုးစားလာရင် ဒေသတွင်းကအမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေကိုပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အီရန်လွှတ်တော်ဥက္ကဋ္ဌက အမေရိကန်စစ်သားတွေ မြေပြင်ကိုဆင်းလာတာနဲ့ မီးလောင်တိုက်သွင်းအပြစ်ပေးဖို့ အသင့်ရှိနေတယ်လို့တုံ့ပြန်ထားတာပါ။

​လက်ရှိ ၅ ပတ်တာ စစ်ပွဲအတွင်းမှာ အီရန်နိုင်ငံအတွင်းက ကလေးငယ် ၂၀၀ ကျော်အပါအဝင် လူပေါင်း ၂,၀၀၀ ကျော်သေဆုံးခဲ့ပြီးပြီလို့ အီရန်ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

တဖက်မှာလည်း ပါကစ္စတန်၊ ဆော်ဒီ၊ အီဂျစ်နဲ့ တူရကီနိုင်ငံတွေက သံတမန်တွေဟာ စစ်ပွဲရပ်တန့်ဖို့ ကြိုးစားနေကြပေမဲ့ ရေနံဈေးနှုန်းတွေကတော့ တစည်ကို ၁၁၆ ဒေါ်လာအထိ ထိုးတက်သွားခဲ့ပါတယ်။

​ထရန့်ကတော့ အီရန်နဲ့ဆွေးနွေးမှုတွေဟာ အဆင်ပြေနေပြီးအီရန်ဘက်ကလည်း လေးစားမှုပြတဲ့အနေနဲ့ ဟော်မုဇ်ရေလက်ကြားကနေ ရေနံတင်သင်္ဘော အစီး ၂၀ ကို ဖြတ်သန်းခွင့်ပေးလိုက်ပြီလို့ ဆိုပါတယ်။

ဒါပေမယ့်အချိန်မီ သဘောတူညီချက်မရရင်တော့ ကျန်ရှိနေသေးတဲ့အီရန်အတွင်းက ပစ်မှတ် ၃,၀၀၀ ကျော်ကို ဆက်လက်ဗုံးကြဲသွားမှာဖြစ်ပြီး ရေနံတွင်းတွေ၊ လျှပ်စစ်စက်ရုံတွေနဲ့ ရေချိုထုတ်စက်ရုံတွေကိုပါ အကုန်ဖောက်ခွဲဖျက်ဆီးပစ်မယ်လို့ ပြင်းပြင်းထန်ထန်သတိပေးထားပါတယ်။

​ဒါ့အပြင်အီရန်ရဲ့ခေါင်းဆောင်သစ်မော့တာဘာ ခါမေနီ (Mojtaba Khamenei) ဟာလည်း စစ်ပွဲအတွင်းမှာ သေဆုံးသွားတာ ဒါမှမဟုတ် ဒဏ်ရာအပြင်းအထန်ရနေတာကြောင့် လူမြင်ကွင်းကပျောက်ကွယ်နေတာဖြစ်တယ်လို့ ထရန့်ကထည့်သွင်းပြောကြားခဲ့ပါတယ်။

PrevPreviousမြောက်ဦးပီပင်ရင်းရွာမှာ နေအိမ်တလုံး မီးလောင်
Nextနိုင်ငံရေးအကျဉ်းသူမသက်သက်မာ ဆေးကုသခွင့်မရဘဲ ကျဆုံးNext
Previous Post

မြောက်ဦးပီပင်ရင်းရွာမှာ နေအိမ်တလုံး မီးလောင်

Next Post

နိုင်ငံရေးအကျဉ်းသူမသက်သက်မာ ဆေးကုသခွင့်မရဘဲ ကျဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

NUG ပြည်ထဲရေးဒုတိယဝန်ကြီးအဖြစ် ဦးဌေးငွေကိုခန့်အပ်

March 30, 2026
Photo-PPNM

နိုင်ငံရေးအကျဉ်းသူမသက်သက်မာ ဆေးကုသခွင့်မရဘဲ ကျဆုံး

March 30, 2026

မြောက်ဦးပီပင်ရင်းရွာမှာ နေအိမ်တလုံး မီးလောင်

March 30, 2026

​ဟိုင်ဖာရှိ ရေနံချက်စက်ရုံကို အီရန်နဲ့ဟစ်ဇဘိုလာ ပူးပေါင်းတိုက်ခိုက်

March 30, 2026

NUG ပြည်ထဲရေးဒုတိယဝန်ကြီးအဖြစ် ဦးဌေးငွေကိုခန့်အပ်

နိုင်ငံရေးအကျဉ်းသူမသက်သက်မာ ဆေးကုသခွင့်မရဘဲ ကျဆုံး

​အီရန်ရေနံကိုသိမ်းပိုက်ဖို့ အမေရိကန်မရိန်းတပ်ဖွဲ့ဝင်တွေကို ထရန့်စေလွှတ်

မြောက်ဦးပီပင်ရင်းရွာမှာ နေအိမ်တလုံး မီးလောင်

​ဟိုင်ဖာရှိ ရေနံချက်စက်ရုံကို အီရန်နဲ့ဟစ်ဇဘိုလာ ပူးပေါင်းတိုက်ခိုက်

​အီရန်ရေနံကို သိမ်းပိုက်လိုကြောင်း ထရန့်ပြော

Releated Post

NUG ပြည်ထဲရေးဒုတိယဝန်ကြီးအဖြစ် ဦးဌေးငွေကိုခန့်အပ်

March 30, 2026
Photo-PPNM

နိုင်ငံရေးအကျဉ်းသူမသက်သက်မာ ဆေးကုသခွင့်မရဘဲ ကျဆုံး

March 30, 2026

​အီရန်ရေနံကိုသိမ်းပိုက်ဖို့ အမေရိကန်မရိန်းတပ်ဖွဲ့ဝင်တွေကို ထရန့်စေလွှတ်

March 30, 2026

မြောက်ဦးပီပင်ရင်းရွာမှာ နေအိမ်တလုံး မီးလောင်

March 30, 2026

​ဟိုင်ဖာရှိ ရေနံချက်စက်ရုံကို အီရန်နဲ့ဟစ်ဇဘိုလာ ပူးပေါင်းတိုက်ခိုက်

March 30, 2026

​အီရန်ရေနံကို သိမ်းပိုက်လိုကြောင်း ထရန့်ပြော

March 30, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page