Border News Agency
နေပြည်တော်၊ မတ် ၃၁။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကိုကိုကျော်နဲ့ မြန်မာနိုင်ငံဆိုင်ရာအာရပ်စော်ဘွားများပြည်ထောင်စု (UAE)သံအမတ်ကြီး မစ္စတာမူတာ့ဇ်အဗ္ဗဒူလာတို့ မတ်လ ၃၀ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီမှာနှစ်နိုင်ငံကြား ရှိရင်းစွဲဆက်ဆံရေးပိုမိုခိုင်မာလာစေဖို့နဲ့ ကုန်သွယ်ရေးမှာပိုမိုပူးပေါင်းဆောင်ရွက်နိုင်မှာကို အဓိကဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းသစ်တွေ ဖော်ဆောင်ရေးနဲ့စီးပွားရေးအရ အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်သွားဖို့အတွက်လည်း နှစ်ဖက်အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့လည်းဆိုပါတယ်။
အဲဒီအပြင် နှစ်နိုင်ငံပြည်သူအချင်းချင်းချစ်ကြည်ရင်းနှီးမှုတိုးတက်စေရေးနဲ့ တခြားကဏ္ဍစုံမှာဆက်ပူးပေါင်းဆောင်ရွက်သွားမယ့်ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။






