Border News Agency
သံတွဲ၊ ဧပြီ ၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်၊ ငပလီကို ဧပြီလ ၁ ရက်၊ ဒီနေ့မနက်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီငပလီကို စစ်ကော်မရှင်တပ်တိုက်လေယာဥ်ငါးစီးထိအသုံးပြုလေကြောင်းတိုက်ခိုက်ခဲ့တာလို့ သံတွဲဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအပြင် ငပလီကမ်းခြေအနီးပင်လယ်ပြင်ရှိ စစ်ကော်မရှင်တပ်ရေတပ်စစ်စင်္ဘောကြီးတွေကလည်း လက်နက်ကြီးပစ်ခတ်နေတယ်လို့ ဆိုကြပါတယ်။
အဲဒီငပလီမြို့ရှိ ဂျိတ္တော၊ လင်းသာ၊ မဇင်နဲ့ဂေါ့ရွာအနီးကို လေကြောင်းတိုက်ခိုက်မှုအကြိမ်နှစ်ဆယ်ခန့်ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်မြို့တွေကို စစ်ကော်မရှင်တပ်က ကြည်း၊ရေ၊လေပူးပေါင်းပစ်ခတ်တိုက်ခိုက်တာတွေမကြာခဏပြုလုပ်နေပါတယ်။
အဲဒီလိုအရပ်သားပြည်သူနေရာတွေ၊စာသင်ကျောင်းတွေ၊ဆေးရုံတွေ၊ဆေးခန်းတွေ၊ဘာသာရေးအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ကရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေတာဖြစ်ပါတယ်။
အဲဒါကြောင့် စစ်ကော်မရှင်တပ်ရေကြောင်း၊လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အရပ်သားပြည်သူတွေအထူးသတိထားကြပြီး စစ်ရေးသတိရှိကြဖို့အာရက္ခအစိုးရအသိပေးထားပါတယ်။






