Border News Agency
နေပြည်တော်၊ ဧပြီ ၂။
စစ်ကော်မရှင်က ဖွဲ့စည်းမယ့် အစိုးရအဖွဲ့သစ်အတွက် နိုင်ငံတော်သမ္မတကို ဧပြီလ ၃ ရက်၊မနက်ဖြန်မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ရွေးတော့မှာဖြစ်ပါတယ်။
အဲဒီဒုသမ္မတလောင်းတွေအဖြစ် ပြည် သူ့လွှတ်တော်က မင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော်က ဒေါ်နန်းနီနီအေးနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က လက်ရှိစစ်ကော်မရှင် ဝန်ကြီး ချုပ် ဗိုလ်ချုပ်ကြီးဟောင်းညိုစောဖြစ်ပါတယ်။
အဲဒီဒုသမ္မတလောင်းသုံးဦးစလုံးဟာ သမ္မတသတ်မှတ်အရည်အချင်းတွေနဲ့ ပြည့်စုံကြတယ်လို့ သမ္မတစိစစ်ရေးအဖွဲ့က အတည်ပြုကြပါတယ်။
အဲဒီသုံးဦးထဲက သမ္မတကို မနက်ဖြန်ပြုလုပ်မယ့်လွှတ်တော်မှာ ရွေးသွားမှာဖြစ်ပြီး ကျန်နှစ်ဦးကတော့ ဒုသမ္မတတွေဖြစ်မှာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သမ္မတဖြစ်မယ်လို့ ပြောဆိုနေကြပါတယ်။






