Border News Agency
နေပြည်တော်၊ ဧပြီ ၃။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကာလုံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြင်ဆင်တဲ့ဥပဒေသစ်တရပ်ကို ဧပြီ ၂ ရက်နေ့မှာ အတည်ပြု ပြဋ္ဌာန်းလိုက်ပါတယ်။
အ၊ဒီပြင်ဆင်ချက်မှာ အဓိကအားဖြင့် အစ္စလာမ်ဘာသာဝင်တွေထဲက သာသနာ့ဝန်ထမ်းတွေဖြစ်တဲ့ မော်လဝီ၊ဟာဖိဇ်နဲ့ အီမန် စသူတွေကို သက်ဆိုင်ရာ ဘာသာရေးအဖွဲ့ကြီးရဲ့ အသိအမှတ်ပြုလက်မှတ်ရှိရင် သာသနာ့ဝန်ထမ်းအဖြစ် အသိအမှတ်ပြုဖို့ ဖြည့်စွက်ထားပါတယ်။
အဲဒီအစ္စလာမ်ဘာသာ သာသနာ့ဝန်ထမ်းတွေကိုလည်း တခြားသောဘာသာရေးသာသနာ့ဝန်ထမ်းတွေနည်းတူ စစ်မှုထမ်းရမယ့်အထဲကနေ ကင်းလွတ်ခွင့်ပြုမယ့် အပိုင်းမှာ ထည့်သွင်းစဉ်းစားလာတာလို့ သိရပါတယ်။
ဒါ့အပြင် ဥပဒေဟောင်းမှာပါတဲ့ ရပ်ကွက်/ကျေးရွာ အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီဆိုတဲ့ အသုံးအနှုန်းကိုလည်း သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဆိုတဲ့ စကားရပ်နဲ့ အစားထိုး ပြောင်းလဲလိုက်ပါတယ်။
ဒီပြင်ဆင်လိုက်တဲ့ ဥပဒေအရ စစ်မှုထမ်းရမယ့်သူတွေကို စိစစ်တဲ့နေရာမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ အခန်းကဏ္ဍက ပိုပြီးတိုက်ရိုက် တာဝန်ရှိလာတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
















