Border News Agency
အီရန်၊ ဧပြီ ၃။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အခုပြုလုပ်နေတဲ့ အီရန်စစ်ဆင်ရေး ၃၂ ရက်အတွင်းမှာပဲ အင်အားကြီးနိုင်ငံဖြစ်တဲ့ အီရန်ကိုအောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ပွဲကာလတွေကို နှိုင်းယှဉ်ပြီး ကြွေးကြော်လိုက်ပါတယ်။
ထရန့်က အမေရိကန် ပါဝင်ခဲ့ဖူးတဲ့ ကမ္ဘာ့စစ်ပွဲတွေ၊ဗီယက်နမ်နဲ့ အီရတ်စစ်ပွဲတွေထက်အခုစစ်ဆင်ရေးဟာ ပိုမိုထိရောက်ပြီး ပါးနပ်တဲ့ စစ်ရေးလုပ်ဆောင်မှုဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အီရန်ကို နောက်ထပ် ၂ ပတ်ကနေ ၃ ပတ်အတွင်းမှာ အပြင်းထန်ဆုံး ထပ်မံတိုက်ခိုက်သွားမှာဖြစ်ပြီး အီရန်နိုင်ငံကို ကျောက်ခေတ်ရောက်သွားအောင် လုပ်ပစ်မယ်လို့လည်း ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ခဲ့ပါတယ်။
တဖက်မှာလည်း ပြင်သစ်သမ္မတ မက်ခရွန်နဲ့ ပတ်သက်ပြီး ထရန့်ရဲ့ လှောင်ပြောင်ပြောဆိုမှုတွေအပေါ် မက်ခရွန်ဘက်က ဒါဟာ အလွန်ရိုင်းပျတဲ့ လုပ်ရပ်ဖြစ်ပြီး ပြန်တုံ့ပြန်ဖို့တောင် မတန်ဘူးလို့ တုံ့ပြန်ထားပါတယ်။
အီရန်နဲ့ သဘောတူညီချက်ကိစ္စမှာလည်း အောင်မြင်မှုရခဲ့ရင် သူ့ရဲ့ကျေးဇူးကြောင့်ဖြစ်ပြီး မအောင်မြင်ရင်တော့ ဒုသမ္မတ ဂျေဒီဗန့်စ်ကြောင့် ဖြစ်တယ်လို့ ထရန့်က ဟာသနှောပြီး ပြောဆိုခဲ့ပါတယ်။







