Border News Agency
နေပြည်တော်၊ ဧပြီ ၇ ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia တို့ဟာ ဧပြီလ ၆ ရက်၊မနေ့ကနေပြည်တော်မှာတွေ့ဆုံခဲ့တယ်လို့ စစ်ကော်မရှင်တပ်က ထုတ်ပြန်ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံကြားသံတမန်ဆက်ဆံရေး တိုးမြှင့်ဖို့၊လုံခြုံရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ကုန်စည်ကူးသန်းမှုတွေ ပြန်လည်စတင်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်နိုင်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်းဆိုပါတယ်။
အဲဒီတွေ့ဆုံပွဲဟာ စစ်ကော်မရှင်တပ်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအပြီးမှာ ပထမဆုံးအကြိမ် နိုင်ငံခြားသံတမန်တဦးနဲ့ တွေ့ဆုံတာဖြစ်ပါတယ်။
တရုတ်သံအမတ်ကြီးက တရုတ်သမ္မတ ရှီကျင့်ဖျင်က ပေးပို့တဲ့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာကိုပေးခဲ့ပြီး စစ်ခေါင်းဆောင်ကလည်း တရုတ်နိုင်ငံရဲ့ ထောက်ခံမှုကို ကျေးဇူးတင်တယ်လို့ဆိုပါတယ်။






