Border News Agency
တောင်ကုတ်၊ ဧပြီ ၇ ။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမှာ ဒေသခံတဦးရဲ့ နေအိမ်မှကျပ်သိန်းနှစ်ရာခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေကို ခိုးသူအမျိုးသမီးတဦးကို ခိုးရာပါပစ္စည်းတွေနဲ့အတူ ဖမ်းခဲ့ပါတယ်။
အဲဒီတောင်ကုတ်မြို့မ ပြည်သူ့လုံခြုံ ရေးဌာနက ပြီးခဲ့တဲ့မတ်လ ၂၅ ရက်နေ့က အသက်နှစ်ဆယ်အရွယ်ရှိ တရားခံ မိပြုံးချိုကိုစုံစမ်းဖော်ထုတ်ဖမ်းခဲ့တာလို့ အာရက္ခမှုခင်းနဲ့ဆက်စပ်သတင်းထုတ်ပြန်ရေးက ဆိုပါတယ်။
အဲဒီတရားခံဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့က အိမ်ရှင်တွေအလှူပွဲသွားနေခိုက် နေအိမ်ရှိ ကလေးငယ်ကို မုန့်တီကျွေးပြီး သံသေတ္တာရှိ ရွှေဆွဲကြိုးနဲ့ လက် ကောက်တွေကို ခိုးခဲ့ကြောင်းဝန်ခံထားပါတယ်။
အဲဒီတရားခံကို ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရ အမှုဖွင့်ထားပြီး ဥပဒေနဲ့အညီ တရားစွဲဆိုနိုင်ဖို့ ဒီလပ်ဌာနက ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။
အာရက္ခပြည်မှာပြီးခဲ့တဲ့သုံးလတာကာ လမှာ ခိုးမှုပေါင်းခုနှစ်ဆယ်ထိ အရေးယူခဲ့ပြီး ခိုးမှုတွေ လျော့နည်းပပျောက် ဖို့အတွက် ပြည်သူတွေဟာလုံခြုံရေးဌာနနဲ့ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။






