Border News Agency
တဟီရန်၊ ဧပြီ ၇။
အီရန်နိုင်ငံ၊ ကာရာ့ဂ်ျမြို့ရှိ ရထားလမ်းပိုင်းအနီးက အရပ်ဘက်အခြေခံအဆောက်အအုံတွေကို ဧပြီလ ၇ ရက်၊ဒီနေ့ နေ့လည်ကအမေရိကန်နဲ့ အစ္စရေးတို့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ အရပ်သားတွေအသုံးပြုတဲ့ လမ်းပန်းဆက်သွယ်ရေး အဆောက်အအုံတွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုတွေကြောင့် ဒေသခံအများအပြား ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
ကနဦးသတင်းတွေအရ တိုက်ခိုက်မှုကြောင့် ရထားလမ်းပိုင်းနဲ့ အနီးနားရှိ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပြီး လူနာတင်ယာဉ်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ အခင်းဖြစ်ရာကို ရောက်ရှိနေတယ်လို့ဆိုပါတယ်။
ဒါပေမယ့်အီရန်အာဏာပိုင်တွေက ဒဏ်ရာရရှိသူတွေကို ဆေးရုံသို့ ပို့ဆောင်ပေးနေပြီး ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကို စစ်ဆေးအတည်ပြုနေဆဲဖြစ်ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ဒီစစ်ဆင်ရေးဟာ ဒေသတွင်းတင်းမာမှုကို ပိုမိုမြင့်တက်စေခဲ့ပြီး အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်မှုအပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။






